Healthy Life Ad
Q & A

သွေးကျဲဆေး ဝါဖာရင် မှီဝဲနေသူ သတိထားစရာ

မေး. ကျွန်မအဖေက သွေးကျဲဆေး ဝါဖာရင် မှီဝဲနေရပါတယ်။ အဲဒီတော့ ဘယ်လိုအစားအသောက်တွေကို စားသင့်၊ ရှောင်သင့်ပါသလဲ။
မြသက်မွန်၊ ကျောက်ပန်းတောင်း။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ဝါဖာရင်သောက်နေတဲ့သူတွေ အဓိကရှောင်ရမှာက ဂျင်ဆင်းပါတဲ့ အစားအသောက်တွေပဲဖြစ်ပါတယ်။ ပြီးတော့ ဂလူကိုစမင်းပါတဲ့ ဆေးတွေကို ဆင်ခြင်ရမယ်။ ဝါဖာရင်သောက်နေတဲ့သူက INR ကို အမြဲတမ်း စစ်ဆေးနေရပါတယ်။ အဲဒါကိုစစ်လိုက်လို့ ရလဒ်ကကောင်းတယ်ဆိုရင် ကိစ္စမရှိပါဘူး။ ဂျင်ဆင်းသောက်လိုက်လို့ INR ရလဒ်က အရမ်းကြီးကျသွားတာမျိုးဖြစ်တတ်လို့ ဆင်ခြင်သင့်ပါတယ်။ အားဆေးတွေ၊ ဖြည့်စွက်ဆေးတွေထဲမှာ ဂျင်ဆင်းပါတယ်၊ ဂလူကိုစမင်း (Glucosamine) ပါတယ်ဆိုရင် ရှောင်ရပါမယ်။ အဓိကရှောင်ရမယ့် အရာကတော့ အဲဒီနှစ်ခုပါပဲ။

နောက်တစ်ခုက သွေးမထွက်အောင်၊ မတော်တဆထိခိုက်မှုတွေမဖြစ်အောင် သတိထားရပါတယ်။ အစိမ်းရောင်ရှိတဲ့ ဟင်းရွက်တွေမှာ ဗီတာမင်ကေပါတဲ့အတွက် သွေးခဲစေပါတယ်။ အဲဒါကြောင့် အစိမ်းရောင်ရှိတဲ့ ဟင်းရွက်တွေကို ပုံမှန်လောက်စားသင့်ပြီး တအားအများကြီးတော့ မစားသင့်ပါဘူး။ ပုံမှန်စားတာကတော့ သင့်တော်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top