Healthy Life Ad
Life Style

ရုံးခန်းမှာပင် ပြုလုပ်နိုင်သည့် လေ့ကျင့်ခန်းများ

၊ လရိပ်မေ ၊

အားကစားခန်းမကိုသွားဖို့ အချိန်မရှိရင် ရုံးခန်းထဲမှာပဲ ပြုလုပ်နိုင်တဲ့ အလွယ်လေ့ကျင့်ခန်းတွေ ရှိပါတယ်။


– အနုပညာရှင်ပုံစံ

စိတ်ကို နှာခေါင်းမှာစုပြီး အင်္ဂလိပ်အက္ခရာ T၊ U နဲ့ P ဆိုတဲ့ စာလုံးတွေကို နှာခေါင်းနဲ့ စတင်ရေးပါ။ ပြီးရင် စာလုံးရှည်ရှည်ကို ဘယ်ကနေ ညာအပြန်အလှန်ရေးလိုက်ပါ။


– အတွေးသမားပုံစံ

စားပွဲထိပ်မှာ လက်တံတောင်ကိုချပြီး လက်မနှစ်ဖက်ထိကာ အတွေးသမားပုံစံ မေးစေ့ကိုထောက်ပါ။ ပြီးရင် မေးစေ့ကို သင်လုပ်နိုင်သလောက် ဖိပေးပါ။ ၂၀အထိရေတွက်ပြီး နှစ်စက္ကန့်လောက် အနားပေးပါ။ အဲဒီနောက် လေးကြိမ်ခန့် ထပ်မံလုပ်ပေးပါ။


– တိုက်ခိုက်ဟန်ပုံစံ

လက်သီးဆုပ်ပြီး ညှစ်လိုက်၊ ဖြည်လိုက် လုပ်ပေးပါ။ ပြီးရင် လက်ကောက်ဝတ်ကို စက်ဝိုင်းပုံစံလှည့်ပေးပါ။ နောက်ဆုံးမှာ လက်တွေကို ခါထုတ်ပေးပါ။


– ဆရာသမားပုံစံ

လက်ချောင်းထိပ်တွေကို အချင်းချင်း ထိစပ်ထားပြီး စက္ကန့် ၂၀လောက် အချင်းချင်းတွန်းပေးပါ။ ပြီးရင်အနားယူလိုက်ပါ။ ၅-၁၀ ကြိမ်လောက် ထပ်ခါထပ်ခါ လုပ်ပေးပါ။


– စာအုပ်ဖြင့်လေ့ကျင့်သည့်ပုံစံ

သင့်ဒူးနှစ်ဖက်ကြားထဲမှာ စာအုပ်ထူထူ တစ်အုပ်ထားပြီး ရံဖန်ရံခါ မတ်တပ်ရပ်ပေးပါ။ ဒူးတွေညောင်းတဲ့အထိ လုပ်ပေးပါ။


– ခြေထောက်လှည့်ပုံစံ

ခြေထောက်တစ်ချောင်းကိုမြှင့်ပြီး ကျန်ခြေတစ်ချောင်းကို စားပွဲကို ကန်တွန်းပါ။ ဒါက ချက်ချင်း အကြောပြေသွားစေမှာ ဖြစ်ပါတယ်။ခြေထောက်တစ်ဖက်ကို အကြိမ် ၂၀လောက် လုပ်ဆောင်ပါ။


– ကျောင်းသားပုံစံ

လက်နှစ်ဖက်ကိုခေါင်းပေါ်တင်ပြီး စားပွဲပေါ်မှာ ခေါင်းကို မှေးတင်ထားပါ။ ဒီအနေအထားအတိုင်း တစ်မိနစ်လောက်နေလိုက်ရင် ပခုံးကြွက်သားတွေ ပြေလျော့သွားပါလိမ့်မယ်။


– ဒူးလေ့ကျင့်သည့်ပုံစံ

ထိုင်ခုံတစ်လုံးပေါ်ထိုင်ပြီး ခြေထောက်တွေကို ဝမ်းဗိုက်ဆီ ဆွဲယူလိုက်ပါ။ အကြိမ် ၂၀ခန့် ပြုလုပ်ပါ။


– အနားယူသည့် ပုံစံ

ရုံးခန်းထဲမှာရှိနေတုန်း ဝမ်းဗိုက်နဲ့တင်ပါးတွေကို ကျုံ့လိုက်၊ ပြန်အနားယူလိုက် အကြိမ် ၂၀ စီ ပြုလုပ်ပေးပါ။


– ခါးလေ့ကျင့်သည့် ပုံစံ

အလုပ်ထိုင်ခုံပေါ်ထိုင်ပြီး ထိုင်ခုံကိုဘယ်ဘက်နဲ့ ညာဘက်ကို အကြိမ် ၂၀ စီလွှဲပေးပါ။ ခါးကို မတ်မတ်ထားရမှာဖြစ်ပါတယ်။ အလုပ်လုပ်တဲ့နေ့တိုင်း လုပ်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top