Healthy Life Ad
Life Style

သွားနှင့် ခံတွင်းကျန်းမာရေးအတွက် အမျိုးသားတိုင်း သိရှိလိုက်နာသင့်သည့်အချက်များ

၊ ကိုမိုး ၊

သွားနဲ့ ခံတွင်းကျန်းမာရေးအတွက် အမျိုးသားတွေရဲ့ စနစ်တကျထိန်းသိမ်းတဲ့အပိုင်းက အားနည်း လေ့ရှိပါတယ်။ ခံတွင်းကျန်းမာရေးကောင်းဖို့ဆိုတာ သွားတွေ သန့်ရှင်းစင်ကြယ်တာက အခြေပြုပါတယ်။ သွားတွေ သန့်ရှင်းစင်ကြယ်ပြီး ခံတွင်းတစ်ခုလုံး အနံ့အသက်နဲ့ အပြစ်အနာအဆာ ကင်းနေမှသာ အ ဆင်ပြေနေမှာ ဖြစ်ပါတယ်။

– တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ
သွားကို တစ်နေ့နှစ်ကြိမ်တိုက်တဲ့အခါမှာလည်း အလျင်စလို မတိုက်ပါနဲ့။ အလုပ်ကိစ္စတစ်ခုကို လုပ်ရသလိုပဲ အချိန်ပေးပြီး ဂရုစိုက်ပြီး လုပ်ဆောင်ပါ။

– သင့်တော်သော သွားသန့်စင်ပစ္စည်းများကို သုံးပါ
ဖလိုရိုက်ဒ်ပါတဲ့ သွားတိုက်ဆေးနဲ့ နူးညံ့တဲ့ မျှင်တွေပါတဲ့ သွားတိုက်တံကို အသုံးပြုပါ။သင့်အနေနဲ့ သွားတိုက်ဖို့ အခက်အခဲရှိရင် လျှပ်စစ်သုံးရတဲ့ သွားတိုက်တံကို သုံးပါ။

– စနစ်မှန် သွားတိုက်နည်း သုံးပါ
သွားတိုက်တံကို သွားပေါ်မှာ ၄၅ ဒီဂရီလောက် စောင်းစောင်းလေးတင်ထားပြီး သွားကို အထက် အောက်တိုက်ပေးပါ။ သွားရဲ့ အတွင်းမျက်နှာပြင် နေရာတွေနဲ့အတွင်းထဲက သွားတွေအထိ တိုက်ပေး ဖို့မမေ့ပါနဲ့။ သွားတိုက်ပြီးတဲ့အခါတိုင်း လျှာခြစ်တံ ဒါမှမဟုတ် နူးညံ့တဲ့ သွားတိုက်တံနဲ့ လျှာကိုပါ တိုက် ပေးပါ။ သွားဖုံးတွေ စပ်ဖျဉ်းဖျဉ်း ဖြစ်တဲ့အထိ ကြမ်း ကြမ်းတမ်းတမ်း မတိုက်ပါနဲ့။

– သွားတိုက်တံနှင့် အခြားအသုံးအဆောင်များကို စနစ်တကျ သန့်စင်ပါ
သွားတိုက်ပြီး သွားတိုက်တံကို ရေနဲ့ စင်ကြယ်အောင် ဆေးကြောပြီးတဲ့အခါမှာ သွားတိုက်တံကိုရေ စင်အောင်ခါပြီး ခြောက်သွေ့အောင်ထားပါ။ သွားတိုက်တံအမျှင်ကို အပေါ်ဘက်မှာ ထားပြီး ခွက်တစ်ခုထဲမှာ ထောင်ထားပေးပါ။ သွားတိုက်တံကို ဖုံးအုပ်ထားတာမျိုး၊ ဘူးထဲ လှောင်ပိတ်ထားတာမျိုးရှောင်ပါ။ အကြောင်းကတော့ စိုထိုင်းနေချိန်မှာသွားတိုက်တံမှာ ဘက်တီးရီးယားပေါက်ပွားနိုင်ခြေများလို့ပါ။

– သွားတိုက်တံ အသစ်သုံးသင့်သည့် အချိန်ကို နားလည်ပါ
သွားတိုက်တံအများစုဟာ အသုံးပြုပြီး သုံးလ- လေးလလောက်ကြာတဲ့အခါမှာ အသစ်လဲလှယ်ပေးရပါတယ်။ တကယ်လို့ သွားတိုက်တံအမျှင်တွေက ဖွာထွက်ပျက်စီးနေရင် လဲသင့်နေပါပြီ။

– သွားကြားပွတ်ကြိုး သုံးပါ
သွားကြားပွတ်ကြိုးကို သုံးတာက သွားတစ်ချောင်းနဲ့ တစ်ချောင်းကြားရှိ ဘက်တီးရီးယားပိုးတွေ ကို ကင်းစင်စေပါတယ်။ ဒါကြောင့် သွားကြားပွတ်ကြိုး ကို တစ်နေ့တစ်ကြိမ် အသုံးပြုသင့်တာ ဖြစ်ပါတယ်။

– သွားကြားပွတ်ကြိုး ၁၈ လက်မလောက် သုံးပါ
သွားကြားပွတ်ကြိုးကို ၁၈ လက်မလောက်ဖြတ်ယူပြီး ဘယ်ညာလက်မှာ တစ်လက်မစီရစ်ထားပြီး သုံးပါ။

– တစ်ချိန်မှာ သွားတစ်ချောင်းကိုသာ သုံးပါ
သွားနှစ်ချောင်းကြားမှာ သွားကြားပွတ်ကြိုးကို ထားပြီးသုံးတဲ့အခါ တစ်ချိန်မှာ သွားတစ်ချောင်းရဲ့ ထိပ်ကနေအောက်အထိ ပွတ်တိုက်ပေးပါ။

– သွားကြားပွတ်ကြိုးကို ဖလိုရိုက်ပါသော အမျိုးအစားသုံးပါ
သွားတွေ ခိုင်ခံ့သန့်စင်စေဖို့ရာအတွက် ဈေး ကွက်ထဲမှာ ဖလိုရိုက်ပါတဲ့ သွားကြားပွတ်ကြိုး အမျိုး အစားရှိပါတယ်။

ဆရာဝန်နှင့် ပြသင့်သောအချိန်
သွားဖုံးရောဂါ၊ သွားပိုးစားတာနဲ့ တခြားသွား ရောဂါတွေ ကင်းဝေးစေဖို့အတွက် သွားနဲ့ခံတွင်းသန့် စင်ဆေးကြောတာနဲ့ စစ်ဆေးမှုတွေကို ပုံမှန်ပြုလုပ် ပေးနေဖို့လိုပါတယ်။ သွားနဲ့ခံတွင်းဆိုင်ရာမှာ အောက် ပါပြဿနာတွေရှိနေရင် သွားဆရာဝန်နဲ့ အမြန်ဆုံးသွားပြသင့်ပါတယ်။

– သွားဖုံးနီနေရင်၊ ရောင်ရမ်းနေရင်နဲ့ တင်းမာနေရင်၊

– သွားတိုက်တဲ့အခါ၊ သွားကြားပွတ်ကြိုးသုံးတဲ့ အခါ သွားဖုံးကနေသွေးထွက်ရင်၊

– သွားကျိုးသွားရင်၊

– သွားတွေက အပူ၊အအေးကို ခံနိုင်စွမ်းနည်းကာ ကျဉ်နေရင်၊

– ခံတွင်းအနံ့ဆိုးထွက်နေရင်၊ ခံတွင်းဟာ ပုံမှန်မ ဟုတ်တဲ့ အရသာမျိုးဖြစ်ပေါ်နေရင်၊

– သွားတွေရဲ့ တည်ရှိမှုက ယိုင်နဲ့လာရင်၊

သွားဖုံး၊ သွားနဲ့ ခံတွင်းမှာ ပုံမမှန်တဲ့ ပြဿနာ တစ်စုံတစ်ရာရှိလာရင် စောစောပြသစစ်ဆေးပြီး ကု သမှုခံယူတာက သွားနဲ့ခံတွင်း ကျန်းမာရေးကို ကောင်းစေပြီး ရာသက်ပန် သွားတွေခိုင်မြဲနေစေမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top