Healthy Life Ad
Health Tips

နံနက်စောစော တစ်နာရီလမ်းလျှောက်ပေးရင် ဘယ်လိုကောင်းကျိုးတွေ ရရှိမှာလဲ . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

မနက်ခင်းမှာ တစ်နာရီလောက်စောစောထပြီး လမ်းလျှောက်ပေးရင် သင့်တစ်နေ့တာ ဘဝမှာ သိသာတဲ့ ကောင်းကျိုးရရှိစေပါလိမ့်မယ်။

– နှာချေတာ သက်သာနိုင်ပါတယ်

မနက်အိပ်ရာထတိုင်း နှာချေနေရင် လေ့ကျင့်ခန်းလုပ်ပေးလိုက်ပါ။ မနက်စောစောထပြီး လမ်းလျှောက်ပေးတာကြောင့် စွမ်းအင်ပိုရရှိပြီး ပိုမိုအပန်းပြေကာ စိတ်ဖိစီးမှုလျော့နည်းနေပါလိမ့်မယ်။

– ကျန်းမာရေးနဲ့အညီ ပိုစားဖြစ်လာပါလိမ့်မယ်

လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာခြင်းရဲ့ ကောင်းကျိုးကို သိနားလည်လာတဲ့အခါ အဆင်သင့်အစာတွေကို စားချင်စိတ်လျော့နည်းနေမှာပါ။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကိုပဲ များများစားချင်နေပါလိမ့်မယ်။ မနက်တစ်နာရီလေ့ကျင့်ခန်းလုပ်ပြီးတိုင်း ပရိုတင်းဓာတ်ပါဝင်မှုများတဲ့ နံနက်စာနဲ့ သစ်သီးဝလံတွေကို စားပေးရင် တစ်နေ့လုံး နေလို့ထိုင်လို့ အဆင်ပြေနေမှာပါ။

– စိတ်ခံစားမှု ကောင်းမွန်နိုင်ပါတယ်

အိပ်ရာစောစောထတဲ့သူတွေက နေမြင့်မှ အိပ်ရာထတတ်သူတွေထက် ပိုမိုပျော်ရွှင်ပြီး အကောင်းမြင်စိတ်ပိုရှိတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ မနက်စောစော အိပ်ရာထသူတွေက ကျန်းမာရေးနဲ့ ပိုညီညွတ်တဲ့ စိတ်ခံစားမှုရှိတတ်ပြီး တက်ကြွလန်းဆန်း နေတတ်ပါတယ်။

– ပူပင်စိတ် လျော့နည်းလာနိုင်ပါတယ်

မနက်ခင်းမှာ စောစောထပြီး လမ်းလျှောက်ရင်း လေကောင်းလေသန့် ရှူရှိုက်ပေးတာကြောင့် ပူပင်သောကလျော့ကျပြီး ကြောင်းကျိုးဆက်စပ်တွေးခေါ်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။

– အသားအရေ ပိုကြည်လင်လာပါလိမ့်မယ်

မနက်စောစော အိပ်ရာထတာကြောင့် စိတ်ခံစားမှုပိုကောင်း ပြီး အသားအရေကို ပိုကြည်လင်လာစေပါတယ်။ မနက်စောစော တစ်နာရီလောက် လမ်းထလျှောက်ပေးရင် ဆံပင်ပြုပြင်တာ၊ လက်သည်းနီဆိုးတာ၊ မီးပူတိုက်တာစတဲ့ အသေးအမွှားအလုပ် ကိစ္စလေးတွေအတွက်လည်း အချိန်ပိုထွက်လာပါလိမ့်မယ်။

– အလုပ်လုပ်နိုင်စွမ်း ပိုတိုးတက်လာနိုင်ပါတယ်

မနက်ခင်းမှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အေးအေးချမ်းချမ်းလုပ်နိုင်ရင် တစ်နေ့လုံး အနှောင့်အယှက်မရှိဘဲ အလုပ်လုပ်နိုင်ပါတယ်။ စောစောထ၊ လမ်းလျှောက်ပြီးတာနဲ့ အလုပ်လုပ်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top