Healthy Life Ad
Local

ကလေးဘဝတွင် ဘီစီဂျီကာကွယ်ဆေးကို ကောင်းစွာ ထိုးနှံထားလျှင် အနာကြီးရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေနိုင်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကလေးဘဝတွင် အဆုတ်ရောဂါ မဖြစ်စေရန် ထိုးနှံရသည့်ဘီစီဂျီရောဂါကာကွယ်ဆေးကို ကောင်းစွာ ထိုးနှံထားလျှင် အသက်အရွယ်ရလာချိန်တွင် အနာကြီးရောဂါ(Leprosy) ဖြစ်နိုင်ခြေ လျော့ကျမှု ရှိကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဌဒေါက်တာဦးသန်းစိန်က Healthy Life ဂျာနယ်သို့ ပြောကြားခဲ့သည်။

ဆရာတို့ မြန်မာနိုင်ငံရဲ့ အတွေ့အကြုံအရ ကလေးတွေမှာ အဆုတ်ရောဂါမဖြစ်အောင် ထိုးနှံတဲ့ ဘီစီဂျီရောဂါကာကွယ်ဆေးကို ကောင်းစွာထိုးနှံထားတယ်ဆိုရင် အသက်ကြီးလာတဲ့အခါ အနာကြီး ရောဂါ ဖြစ်နိုင်ခြေက တအားလျော့ကျသွားပါတယ်….. ဟု ဒေါက်တာဦးသန်းစိန်ကဆိုသည်။

အနာကြီးရောဂါ လူနာအသစ်များကို ယခင်ကတည်းက အနာကြီးရောဂါ အဖြစ်များသည့် မြန်မာ နိုင်ငံအထက်ပိုင်းဒေသ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ တွင်မက ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ နာဂဒေသ စသည့်နယ်မြေတို့တွင်လည်း အနာကြီးရောဂါ ဖြစ် သူများကို တွေ့ရှိလာရရာ အဆိုပါ ငြိမ်းချမ်းရေးမရသည့် ဒေသများသည် ဘီစီဂျီကာကွယ်ဆေးကို ကောင်းစွာ ထိုးနှံခွင့်မရခဲ့သဖြင့် အနာကြီးရောဂါဖြစ် နှုန်းမြင့်မားလာခဲ့ရကြောင်း သိရသည်။

တချို့နိုင်ငံတွေမှာ မွေးကင်းစကတည်းက ထိုးပါတယ်။ မြန်မာနိုင်ငံမှာတော့ ကလေးအသက်၆ပတ်မှာ ဘီစီဂျီ၊ ဒီပီတီ၊ ပိုလီယိုနဲ့ အသည်းရောင် အသားဝါကာကွယ်ဆေးတွေ တိုက်ကျွေးထိုးနှံလေ့ရှိ ပါတယ်…..ဟု အထွေထွေရောဂါကု ဆရာဝန်ဒေါက်တာမြတ်ထွဋ်ညွန့်က ဆိုသည်။

ကလေးများအတွက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဒေသန္တရကျန်းမာရေးဌာန၊ ကျေးလက် ကျန်းမာရေးဌာန၊ မြို့နယ်ကျန်းမာရေးဌာန စသည့်နီးစပ်ရာကျန်းမာရေးဌာနများတွင်ပြသပြီး ညွှန်ကြားချက် အတိုင်းလိုက်နာဆောင်ရွက်သင့်ကြောင်းသိရသည်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top