Healthy Life Ad
Local

ဘီပိုးနှင့် စီပိုးလူနာများကို ဦးစားပေး ကုသနေ သည့် သံစစ်ကုသိုလ်ဖြစ်ဆေးခန်း မန္တလေးတွင် ဖွင့်ပြီ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

မြန်မာအသည်းဖောင်ဒေးရှင်း(မန္တလေး)၏ ဦး ဆောင်မှုဖြင့် သံစစ်ကုသိုလ်ဖြစ်ဆေးခန်း မန္တလေးကို ၁-၁-၂၀၁၈ ရက်နေ့က အဆိုပါ ဆေးခန်းတည်နေရာဖြစ် သည့် အမှတ်ဘီ(၈)၊ သီရိရိပ်သာ(၁)၊ ၃၅ လမ်း၊ ၇၀ နှင့် ၇၁ လမ်းကြား၊ မဟာအောင်မြေမြို့ နယ်၊ မန္တလေးမြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာအသည်းဖောင်ဒေးရှင်း (မန္တလေး)အနေဖြင့် ၂၀၁၅ ခုနစ်မှစတင်ပြီး ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ကျောင်းသား၊ ကျောင်းသူများ၊ သွေးလှူ ရှင်အသင်းများ၊ မိဘမဲ့ကလေးများ၊ ဘုန်းတော်ကြီးများ၊ သီလရှင်ကြီးများတို့ကို အသည်းရောင် အသားဝါ ဘီပိုးနှင့် စီပိုးရှိ/မရှိစစ်ဆေးပေးခြင်း၊ ဘီပိုးမရှိသူများကို ဘီပိုး ကာကွယ်ဆေး သုံးကြိမ်ထိုးပေးခြင်းနှင့် အသည်းရောင် အသားဝါအကြောင်း ကျန်းမာရေး အသိပညာပေးခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယခု ဖွင့်လှစ်လိုက်သည့် သံစစ်ကုသိုလ်ဖြစ် ဆေးခန်း မန္တလေးကို အပတ်စဉ် အင်္ဂါမှ စနေအထိ နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားပြီး လူနာသစ်ကြည့်ချိန်မှာ အပတ်စဉ် အင်္ဂါနှင့် ကြာသာပတေးနေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ လည်းကောင်း၊ လူနာ ဟောင်းကြည့်ချိန်မှာ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေးနေ့ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ လည်းကောင်း၊ ဘီပိုးကာကွယ်ဆေးထိုးသည့်နေ့မှာ အပတ်စဉ် သောကြာနေ့နှင့် စနေနေ့ နံ နက် ၉ နာရီမှ ၁၂ နာရီအထိလည်းကောင်း သတ်မှတ်ထားပြီး သံစစ်ကုသိုလ်ဖြစ်ဆေးခန်း (မန္တလေး) သို့ ပြသလိုသူများသည် ဖုန်း-ဝ၉ ၉၅၄၄၈၂၈၂၀၊ ဝ၉ ၉၅၄၅၈၂၈၂၀ တို့သို့ ဆက်သွယ်နိုင်ပါကြောင်း သတင်းရရှိသည်။

၂၀၁၂ ခုနစ်တွင် မြန်မာအသည်းဖောင်ဒေးရှင်း ဥက္ကဌ ဒေါက်တာဒေါ်ခင်ပြုံးကြည်နှင့် အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါက်တာသံစစ်တို့ စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် မြန်မာအသည်းဖောင်ဒေးရှင်းသည် အသည်းရောဂါဝေဒနာရှင်များကို ပိုမိုစောင့်ရှောက်မှုပေးနိုင်ရန် သံစစ်ကုသိုလ်ဖြစ် ဆေးခန်းကို ရန်ကုန်မြို့တွင် ၃၁-၁-၂၀၁၇ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

Most Popular

Healthy Life Ad
To Top