Healthy Life Ad
Health Tips

၀မ်းမှန်မှန်သွားပြီး ခေါင်းကိုက်ခြင်း ကင်းဝေးစေရန်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မနက်မိုးလင်းလာရင် ဝမ်းမှန်မှန်သွားစေဖို့ သင်လုပ်ဆောင်သင့်တဲ့ အရာတွေရှိပါတယ်။ အဲဒါက ရေတစ်ဖန်ခွက်လောက်သောက်ပြီး အူလှုပ်ရှားမှုကောင်းအောင် လှုံ့ဆော်ပေးဖို့ပါပဲ။ ပြီးရင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလေးတွေကို အချိန်ရရင်ရသလို လုပ်ဆောင်ပေးလိုက်ပါ။ ဝမ်းမှန်မှန်သွားပြီး သွေးလှည့်ပတ်မှု ကောင်းမွန်ကာ တစ်နေ့လုံး လန်းဆန်းနေပါလိမ့်မယ်။

– ခေါင်းကိုက်ဝေဒနာ ကင်းစေရန်

– လှဲလျောင်းပြီး ခေါင်းကိုက်တဲ့နေရာမှာ ရေခဲဝတ်လေးကို အချိန် ၁၅ မိနစ်ခန့်ကပ်ပေးပါ။

– ဒါမှမဟုတ် နားထင်မှာ အာလူးပါးပါးလှီးပြီး မိနစ် ၃၀ လောက် ကပ်ထားပေးပါ။

– ပူဒီနာ(ပူစီနံ)ရေနွေးကြမ်းဟာ နာကျင်မှု သက်သာစေတဲ့အစွမ်းရှိပါတယ်။ ရေနွေးကြမ်းသောက်ပေးပါ။

– ကြက်သွန်ဖြူရည်ထဲ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး သောက်ပေးပါ။

– ဝမ်းချုပ်ခြင်း ကင်းစေရန်

– ဂျုံကွေကာ (Oatmeal)ကို ရေ၊ သံပရာရည်နဲ့ ရောမွှေပြီး သောက်ပေးရင် ဝမ်းချုပ်တဲ့ ဝေဒနာကို ကင်းစင်စေပါတယ်။

– ဝမ်းချုပ်တာ သက်သာစေဖို့ ဝမ်းဗိုက်မှာ သံလွင်ဆီနည်းနည်းလိမ်းပြီး စက်ဝိုင်းပုံစံအတိုင်း လှည့်လည်ကာနှိပ်ပေးပါ။

– အရေခွံမပါတဲ့ ပန်းသီးစားတာကြောင့် အစာကြေညက်စေပါတယ်။

– လိမ္မော်ရည်နဲ့ ကီဝီသီးဖျော်ရည်ကို မနက်မိုးလင်း ဗိုက်ထဲအဆာမရှိချိန်မှာ သောက်ပေးပါ။ အမျှင်ဓာတ်အလုံအလောက် ပါဝင်တဲ့အတွက် အစာကြေညက်စေပြီး ဝမ်းချုပ်ခြင်းကင်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top