Healthy Life Ad
Q & A

သွေးတိုးရောဂါရှိသူ လေ့ကျင့်ခန်းလုပ်မည်ဆိုလျှင်…

မေး။ ။ သွေးတိုးရောဂါရှိရင် ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတွေကို ပြုလုပ်လို့မရဘူးလို့ ပြောကြပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းတွေ ပြုလုပ်သင့်သလဲဆရာ။
သက်မွန်ခင်၊ သင်္ဃန်းကျွန်း။

ပါမောက္ခဦးကိုကို(ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ။ ။ သွေးတိုးရောဂါရှိတဲ့အခါ ပုံမှန်အားကစား လုပ်တယ်ဆိုရင် သွေးတိုးကကျတောင်ကျနေပါလိမ့်မယ်။ သွေးတိုးရှိရင် လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် မလုပ်သင့်ဘူးဆိုတာ မှန်ပါတယ်။ အလေးမတာ၊ ၃၀ မိနစ်ကျော်ကြာတဲ့အထိ ပြေးတာတွေကို မလုပ်ရပါဘူး။ သွေးတိုးရောဂါရှိတဲ့သူက လေ့ကျင့်ခန်းမလုပ်ခင် သွေးပေါင်ချိန်ကြည့်လို့ ၁၄၀/၉၀ကျော်နေရင် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်သင့်ပါဘူး။သွေးပေါင်က ပုံမှန်ရှိရင်တော့ လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။ ရေကူးတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ နဲ့ခပ်သွက်သွက်ပြေးတာတွေကိုတော့ တစ်နေ့မှာ နာရီဝက်လောက် လုပ်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top