Healthy Life Ad
Q & A

သွားအမြစ်ကကောင်းပြီး သွားကျဉ်နေရင် . . .

မေး. သွားအမြစ်ကကောင်းပြီး သွားကျဉ်နေရင် သွားအမြစ်ထုတ်ကုသလို့ ရပါသလား။
ဦးသန့်ဇင်၊ ကျောက်တံတား။

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. သွားကျဉ်တယ်ဆိုရင်တော့ သွားအမြစ်ထုတ်ကုသဖို့မလိုပါဘူး။ ကျဉ်တဲ့အကြောင်းရင်းက ကြွေသွားလွှာပါးသွားလို့ ကျဉ်တာဖြစ်နိုင်ပါတယ်၊ အကြောပေါက်သွားတယ်ဆိုရင်တော့ အမြစ်ထုတ်ရတယ်၊ အကြောမပေါက်ဘူးဆိုရင်တော့ သွားအမြစ်ထုတ်ကုသမှုမလိုဘဲ သွားကျဉ်တာပျောက်စေတဲ့ သွားတိုက်ဆေးတွေကို ယာယီတိုက်လို့ရပါတယ်။ ဒါမှမဟုတ် သွားဖာဖို့လိုရင် သွားဖာရပါမယ်၊ ဒါမှမဟုတ်သွားကို အစွပ်စွပ်ပေးလိုက်ရင် သက်သာသွားမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top