Healthy Life Ad
Health Tips

နေ့စဉ် မိနစ် ၃၀ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ရရှိသည့် ခန္ဓာကိုယ်ပြောင်းလဲမှုများ

၊ လရိပ်မေ ၊

လေ့ကျင့်ခန်းလုပ်တာက ထင်သလောက် ခက်ခဲတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အစပိုင်းမှာ အချိန်ပေးပြီး လေ့ကျင့်ခန်း မလုပ်ရင်း မလုပ်ရင်းနဲ့ မလုပ်ဖြစ်တာပါ။ လေ့လာမှုအရ နေ့စဉ် မိနစ် ၃၀ ခန့် လေ့ကျင့်ခန်းလုပ်ပေးရင် သင့်ကို ကျန်းမာပြီး ခန္ဓာကိုယ်ကြံ့ခိုင်စေတယ်လို့ သိရပါတယ်။

(၁) လေ့ကျင့်ခန်းလုပ်ပြီးချိန်

– ခန္ဓာကိုယ်က ပရိုတင်းနဲ့ကာဗိုဟိုက်ဒရိတ်တွေကို လေးဆပိုပြီး မြန်မြန်ချေဖျက်ပေးပါတယ်။ ဒါကြောင့် အလေးချိန်ပိုမြန်မြန်ကျစေတာပါ။
– ဦးနှောက်ကနေ အင်ဒေါ်ဖင်ဓာတ်တွေ ပိုအထွက်တိုးစေတဲ့အတွက် စိတ်တက်ကြွစေတာပါ။


(၂) လေ့ကျင့်ခန်းလုပ်ပြီး နာရီအနည်းငယ်အတွင်း
– သင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပိုမိုယုံကြည်မှုရှိပြီး ကိုယ့်ကိုယ်ကိုယ်လေးစားစိတ် ပိုရှိလာပါလိမ့်မယ်။
– သွေးဖိအားက ပုံမှန်ပြန်ဖြစ်စေပါတယ်။
– ညဘက်မှာ အိပ်ရေးဝ၀အိပ်မောကျစေပြီး အိပ်စက်မှုအရည်အသွေးက ပိုမြင့်တက်လာပါလိမ့်မယ်။


(၃) လေ့ကျင့်ခန်းလုပ်ပြီး ရက်သတ္တပတ်အတွင်း
– အဆုတ်စွမ်းအင် မြင့်တက်လာပါတယ်။
– နှလုံးနဲ့ သွေးကြောတွေက ပိုပြီးကောင်းကောင်းမွန်မွန် အလုပ်လုပ်ဖြစ်စေပါတယ်။
– တက်ကြွလန်းဆန်းလာပါလိမ့်မယ်။

(၄) လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး လအနည်းငယ်အတွင်း
– စိတ်ဖိစီးမှုဖြစ်နိုင်ခြေလျော့နည်းလာပြီး စိတ်ဓာတ်ကျတာနဲ့ စိတ်လှုပ်ရှားပူပန်တာတို့ အဖြစ်နည်းလာပါတယ်။
– အောက်ဆီဂျင်က ကြွက်သားတွေထဲရောက်ရှိမှုတိုးလာပြီး သွေးလှည့်ပတ်စီးဆင်းမှုက သိသိသာသာတိုးတက်လာပါတယ်။
– ခန္ဓာကိုယ်လှုပ်ရှားမှု ကောင်းမွန်လာတဲ့အတွက် အာရုံကြောစနစ်ကိုသန်စွမ်းစေပါတယ်။ နောက်ဆက်တွဲအဖြစ် ဦးနှောက်လုပ်ငန်းဆောင်တာ တိုးတက်လာပြီး ဆုံးဖြတ်ချက်တွေကို လျင်လျင်မြန်မြန် ချမှတ်နိုင်လာပါလိမ့်မယ်။
– ကြွက်သားနဲ့ အရိုးစနစ် သန်စွမ်းလာပြီး ကြွက်သားတွေ ပိုအားကောင်းလာကာ အရိုးသိပ်သည်းဆ ပိုထူထဲလာပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top