Healthy Life Ad
Life Style

ခန္ဓာကိုယ်ပေါ့ပါးပြီး စွမ်းအင်အပြည့်ရှိစေမည့် လေ့ကျင့်ခန်း

၊ လရိပ်မေ ၊

ဒီလေ့ကျင့်ခန်းက ခန္ဓာကိုယ်ကို စွမ်းအင်အပြည့်ရှိစေပြီး ပေါ့ပါးသွက်လက်စေပါတယ်။ အဓိကက သိပ်လှုပ်ရှားစရာမလိုဘဲ ငြိမ်သက်တဲ့ အနေအထားမျိုးနဲ့ လုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းတစ်ခုချင်းကို အချိန် ၅- ၃၀စက္ကန့်ကြာနဲ့ တစ်ပတ်မှာ အနည်းဆုံး ၄-၅ ကြိမ် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။


(၁) လိပ်ပြာတောင်ပံပုံ လေ့ကျင့်ခန်း

ပက်လက်လှန်လှဲလျောင်းပါ။ ဒူးတွေကို တစ်ဝက်လောက်အထိကွေးပြီး ခါးကို ကြမ်းပြင်ကနေ အနည်းငယ်မြှင့်ပေးပါ။ နံရံကို ညာခြေထောက်နဲ့ထိန်းထားပြီး ဘယ်ခြေထောက်ကို ညာဘက်ဒူးပေါ်တင်ထားပါ။ လက်နှစ်ဖက်ကို ဝမ်းဗိုက်ပေါ်တင်ပါ။ ပြီးရင် ဘယ်ဘက်ခြေထောက်ကို ပြောင်းလုပ်ပေးပါ။


(၂) ခြေထောက်မြှောက် လေ့ကျင့်ခန်း

ဝမ်းဗိုက်ပေါ် လက်ဖဝါးတွေ တင်ထားပါ။ တင်ပါးကို နံရံဆီထိကပ်ပြီး ကိုယ့်ကိုယ်ကိုယ်ငြိမ်သက်အောင်နေပါ။ ညာခြေထောက်ကိုမြှင့်ပြီး နံရံဆီတည့်တည့်မတ်မတ်ထားပါ။ ဘယ်ခြေထောက်ကို သင်လုပ်နိုင်သမျှ နှိမ့်ထားပေးပါ။ ပြီးရင် ဘယ်ဘက်ခြေထောက်ကို ပြောင်းလုပ်ပေးပါ။


(၃) နှုတ်ဆက်ဟန် လေ့ကျင့်ခန်း

ခြေထောက်နှစ်ချောင်းစလုံးကို နံရံမှာထိကပ် ထောင်မတ်ပြီး ခြေချောင်းတွေကအပေါ်ကို ညွှန်ပြတဲ့ဟန်ထားပါ။ လက်မောင်းနဲ့ ပခုံးတွေက ကြမ်းပြင်ကနေ အလွယ်တကူမြှင့်တဲ့ ပုံစံမျိုးနေရပါမယ်။ ပြီးရင် ညာဘက်ကိုမြှင့်ပြီး ခြေထောက်တွေဆီ ညွှန်ပြပါ။ ဘယ်ဘက်လက်က ဝမ်းဗိုက်ပေါ် တင်ထားရပါမယ်။ ပြီးရင် ဘယ်ဘက်လက်ကို ပြောင်းလုပ်ပေးပါ။


(၄) ကတ်ကြေးပုံ လေ့ကျင့်ခန်း

ပက်လက်လှန်လှဲလျောင်းရင်း ခြေထောက်နှစ်ဖက်စလုံးကို မြှင့်ထားပါ။ ညာခြေထောက်ကို နံရံပေါ်မှီပြီး ဘယ်ခြေထောက်က ဦးခေါင်းဘက်သို့ ဆန့်တန်းထုတ်လိုက်ပါ။ လက်ဖဝါးက ခါးကိုထိထားတဲ့ အနေအထားနဲ့ ထောက်ပံ့ထားပါ။ ပြီးရင် ဘယ်ဘက်ခြေထောက်ကို ပြောင်းလုပ်ပေးပါ။


(၅) တံတားပုံ လေ့ကျင့်ခန်း

ဖျာတစ်ချပ်ပေါ်လှဲလျောင်းပြီး လက်မောင်းတွေကို ဖြောင့်တန်းအောင်ထားပါ။ လက်ဖဝါးတွေကို ကြမ်းပြင်ပေါ် အပြားလိုက်ချထားပါ။ လက်ချောင်းထိပ်တွေက နံရံနဲ့ထိတွေ့နေသင့်ပါတယ်။ ခြေဖဝါးတွေကို နံရံပေါ်ထိပြီး သင် မြှင့်နိုင်သမျှမြှင့်ပါ။ ပေါင်ကြွက်သားတွေကို တောင့်တင်းအောင်လုပ်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top