Healthy Life Ad
Local

မြန်မာနိုင်ငံတွင် နှစ်စဉ် အနာကြီးရောဂါလူနာသစ် သုံးထောင်ခန့်ရှိနေ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

၂၀ဝ၃ ခုနှစ်နှစ်စတွင် လူနာဦးရေ ၅၀ဝ၀ အောက်သို့လျှော့ချနိုင်ခဲ့သော်လည်း လွန်ခဲ့သည့် ၁၀ နှစ်ကတည်းက နှစ်စဉ်လူနာအသစ် သုံးထောင် ခန့်တွေ့ရှိနေရကြောင်း ပြည်သူ့ကျန်းမာရေးဖောင် ဒေးရှင်းဥက္ကဌ ဒေါက်တာဦးသန်းစိန်က Healthy Life ဂျာနယ်သို့ ပြောကြားခဲ့သည်။

လွန်ခဲ့တဲ့ ၁၀နှစ်ကတည်းက နှစ်စဉ် လူနာအ သစ်သုံးထောင် ပုံမှန်တွေ့နေပါတယ်။ ဒီလိုတွေ့နေ တဲ့ လူနာရှိနေသရွေ့ လူထုထဲမှာ ကူးစက်တဲ့လူနာရှိနေမှာပဲ၊ အဲဒီလို ကူးစက်တဲ့လူနာရှိနေရင် ဒီရော ဂါက မပပျောက်ဘူး၊ အဲဒါကြောင့် ကူးစက်တဲ့လူနာကို ရှာရပါမယ်။ အနာကြီးရောဂါမှာ ကူးစက်တဲ့ရောဂါ နဲ့ မကူးစက်တဲ့ရောဂါဆိုပြီး နှစ်မျိုးရှိပါတယ်။ ကူးစက်တဲ့ ရောဂါသည်တွေရှိနေလို့သာ လူထုထဲမှာအနာ ကြီး ရောဂါမပပျောက်ဘဲ နှစ်တိုင်း နှစ်တိုင်းလူနာ အသစ်တွေကို တွေနေရတာဖြစ်ပါတယ်…..ဟုဒေါက်တာဦးသန်းစိန်က ပြောသည်။

အနာကြီးရောဂါ လူနာအသစ်များကို ယခင်ကတည်းက အနာကြီးရောဂါ အဖြစ်များသည့် မြန်မာ နိုင်ငံအထက်ပိုင်းဒေသ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ တွင်မက မြန်မာနိုင်ငံအနှံ့အပြားတွင်တွေ့ရှိရကြောင်း သိရသည်။

မိမိတို့ငယ်စဉ်ကလေးဘဝမှာ ကြားဖူးခဲ့တဲ့အနာကြီးရောဂါဆိုတာ ဝဋ်နာကံနာရောဂါ ဖြစ်တယ်၊ ဖြစ်လာရင်လည်း ကုသပျောက်ကင်းနိုင်မှု မရှိတော့ဘူး၊ ဘဝဆုံးတဲ့အထိ ဆိုးဝါးတယ်၊ လူထဲသူထဲမှာ မနေစေဘဲ ရွာပြင်ထုတ်ကြတယ်၊ အနာကြီးရောဂါ စောင့်ရှောက်ရေးဂေဟာတွေမှာပဲ နေကြရတယ်ဆို တဲ့ လူမှုရေးနယ်ပယ်မှာ ခွဲခြားဆက်ဆံထားပြီး မျက်နှာငယ်ငယ်နဲ့စားရမဲ့၊ သောက်ရမဲ့ဘဝမျိုးနဲ့ အသက်ရှင်ရေး ကြိုးပမ်းနေကြရတာကို မိမိတို့ကြားဖူးခဲ့ကြပါတယ်။

အဲဒီအချိန်က ဆေးဝါးတွေကလည်း ထင်သလောက် အစွမ်းမထက်တာလည်း ပါသလိုလူနာတွေကလည်း လူမှုဘဝက ပယ်ကြဉ်ခံရမှာစိုးရိမ်ပြီး ကွယ်ဝှက်ထားကြ၊ လူသိမခံလိုတာတွေကြောင့်လည်း ကုသမှုကို စောစောမရတာ၊ ပုံမှန်ကုသမှု မခံယူနိုင်တာတွေကြောင့် ရုပ်ဆင်းအင်္ဂါတွေ ပျက်ယွင်းပြီး လူ မှုဝန်းကျင်က ဝေးရာကို တဖြည်းဖြည်းရောက်ရှိသွားရာက ဘဝမှာနာကြဉ်းဖွယ်ရာ ကုန်ဆုံးသွားရသူများစွာရှိကြောင်း လေ့လာမှတ်သားခဲ့ဖူးပါတယ်။

ဒီခေတ်သစ်မှာတော့ ဆေးစွမ်းကောင်းတွေလည်းပေါ်နေပြီး အချိန်မီကုသရင်ကာလတိုအတွင်း ပျောက်ကင်းတယ်၊ ကိုယ်အင်္ဂါချို့တဲ့မှုကိုလည်းကင်း ဝေးစေမယ်ဆိုတဲ့ အသိတရားတွေကို လူတိုင်း လူတိုင်း သိရှိပြီး စောစောတွေ့၊ စောစောကု၊ စောစောပျောက်ဆိုတဲ့ အားကောင်းထက်မြက်တဲ့ ကုထုံးတွေ ရှိနေတာကို လူတိုင်းသိရှိဖို့ လိုပါတယ်…..ဟု ၂၆-၈-၂၀၁၆ ရက်နေ့က ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းရုံးတွင် ပြုလုပ်သည့် မြန်မာနိုင်ငံအနာကြီးရောဂါ အကြောင်း နှီးနှောဖလှယ်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၁၀ နှစ်ကျော်ကာလအတွင်း နှစ်စဉ်လူနာသစ်ဦးရေကို စိစစ်ရာ ၃၀ဝ၀ ဝန်းကျင်တွင်ရှိနေပြီး ၂၀၁၅ ခုနှစ်စာရင်းအရ ကူးစက်အဆင့်လူနာဦးရေမှာ ၇၀ ရာခိုင်နှုန်းရှိနေ ကြောင်း၊ ကလေးအရွယ် လူနာသစ်များမှာ ၅ ရာခိုင် နှုန်းဝန်းကျင်ရှိနေကြောင်းနှင့် အနာကြီးရောဂါ ကြောင့် မသန်စွမ်းမှုအဆင့် (၂) ရှိသောလူနာသစ်များမှာ ၁၄ ရာခိုင်နှုန်းအထိရှိနေသေးကြောင်း သိရ သည်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top