Healthy Life Ad
Local

One Liver Foundation က စီပိုးဝေဒနာရှင်များကို တစ်လငါးသောင်းကျပ် အရစ်ကျ စရိတ်မျှပေးအစီအစဉ်ဖြင့် ကုပေးမည်

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

One Liver Foundation က စီပိုးဝေဒနာရှင် များကို တစ်လ ငါးသောင်းကျပ် အရစ်ကျ စရိတ်မျှပေးအစီအစဉ်ဖြင့် ဝေဒနာရှင် ၁၀ ဦးကို စတင်ကုသမှု ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဖောင်ဒေးရှင်း ဥက္ကဌဖြစ်သူ ကိုဝမ်းက Healthy Life ဂျာ နယ်သို့ ၁၇-၁၁-၂၀၁၇ ရက်နေ့တွင် ပြောကြားခဲ့ သည်။

“စီပိုးဝေဒနာရှင်တွေအနေနဲ့ ရောဂါပိုးပျောက် တဲ့အထိ ကုမယ်ဆိုရင် ၁၅ သိန်းကနေ သိန်း ၂၀ လောက် ကုန်ကျနိုင်ပါတယ်။ တစ်လုံးတည်းဆိုရင် လည်း တချို့နွမ်းပါးတဲ့ လူနာတွေ မတတ်နိုင်ကြဘူး။ ကျွန်တော်တို့ ဖောင်ဒေးရှင်းက ၁၀ သိန်းနဲ့ ပျောက်တဲ့အထိ ကုပေးမှာပါ။ ၁၀သိန်းကျော် ကုန်ကျတာကို လည်း ဖောင်ဒေးရှင်းက ကျခံပေးမှာ ဖြစ်ပါတယ်။ ၁၀ သိန်းကိုလည်း လူနာတွေ ကုနိုင်အောင် တစ်လ ငါးသောင်းနဲ့ လ၂၀ အရစ်ကျ သတ်မှတ်ထားတာပါ“ ဟု ကိုဝမ်းက ဆိုသည်။

One Liver Foundation ကို ၁၁-၁၁-၂၀၁၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခု ပထမအသုတ်တွင် စီပိုးဝေဒနာရှင် ၁၀ ဦးကို ကုသမှု ပေးသွားမည်ဖြစ်ကာ ကုသမှုခံယူလိုသည့် စီပိုး ဝေ ဒနာရှင်တို့သည် ဖြူစင်ငြိမ်းဆေးခန်း၊ အမှတ် M1၊ ၇၇ လမ်း ၂၉-၃၀ လမ်းကြား၊ သွေးလှူဘဏ်နှင့် မျက်နှာချင်းဆိုင်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့၊ ဖုန်း ဝ၉ ၄၅၆၅၆၇၈၇၈၊ ဝ၉ ၇၉ ၄၅၆၇၈၇၈တို့သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

“မန္တလေးမှာ ကုပေးမှာပါ။ မနေ့က စာရင်း လာ ပေးကြတာ အယောက် ၅၀ လောက်ရှိပါတယ်။ အဲဒီ အထဲကနေ ၁၀ဦးကို ပြန်ရွေးရမှာပါ။ အရင်ဆုံး ကု ပေးမှာကတော့ အိမ်ထောင်ဦးစီး၊ မိသားစုကို လုပ် ကျွေးနေတဲ့သူ၊ ရောဂါအခြေအနေ ဆိုးတဲ့သူတွေကို ဦးစားပေးရွေးချယ်သွားမှာ ဖြစ်ပါတယ်။ အသည်း ရောင်အသားဝါ စီပိုးကို အခမဲ့ ကုပေးမှာကတော့ ဒေါက်တာဇာနည်ဇင်ပါ။ လိုအပ်တဲ့ စမ်းသပ်စစ်ဆေး မှုတွေကို အခမဲ့ ကူညီဆောင်ရွက်ပေးမှာကတော့ ဖြူစင်ငြိမ်း ဆေးခန်းပိုင်ရှင် ဒေါက်တာသန်းအေးထွန်း ဖြစ်ပါတယ်။ သူတို့က ဒီဖောင်ဒေးရှင်းမှာ ပါဝင်သူတွေလည်း ဖြစ်ပါတယ်။

လှူတဲ့သူများလာပြီး ရံပုံငွေများလာရင်တော့ စီပိုးဝေဒနာရှင်အတော်များများကို ပိုပြီး ကုသမှု ပေး နိုင်မှာပါ။ အစကတော့ အခမဲ့ ကုဖို့ စဉ်းစားထားပေ မယ့် ကုန်ကျစရိတ်က များနေသေးတော့ လူအတော် များများကို ကုပေးဖို့ အခက်အခဲက ကြုံနေမှာလေ။ ဒါကြောင့် လူတိုင်း တတ်နိုင်တဲ့ တစ်လငါးသောင်းကျပ် သတ်မှတ်ပြီး သူတို့ဆီက ပြန်ရတဲ့ ငွေနဲ့ နောက်ထပ် နောက်ထပ် လူနာတွေကို ဆက်လက်ကုပေးနိုင်မှာ။ ဒီလို ရည်ရွယ်ပြီး အရစ်ကျစရိတ်မျှပေးအစီအစဉ်နဲ့ ကုပေးဖို့ စီစဉ်လိုက်တာပါ”ဟု ကိုဝမ်းက ပြောသည်။

စီပိုးဝေဒနာရှင် ၁၀ ဦးအတွက် ကုသမှု ကုန်ကျ စရိတ်မှာ သိန်း ၁၀ဝ ခန့်ဖြစ်ပြီးOne Liver Foundation တွင် လောလောဆယ် လက်ခံရရှိထားသော အလှူငွေ မှာ ၃၇ သိန်းကျော်သာ ရှိသေးသဖြင့် လှူဒါန်းလိုသူ စေတနာရှင်တို့သည် ကိုဝမ်း ဖုန်း-ဝ၉ ၄၅၆၅၆၇၈၇၈ နှင့်ဝ၉ ၇၉ ၄၅၆၇၈၇၈တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သတင်းရရှိသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top