Healthy Life Ad
Life Style

အိပ်ရာမထဘဲ လုပ်နိုင်သည့် လေ့ကျင့်ခန်း ခြောက်မျိုး

လရိပ်မေ
ကိုယ်အလေးချိန်အပိုလျော့ကျပြီး ကြွက်သားသန်စွမ်းစေမယ့် လေ့ကျင့်ခန်းအများအပြား ရှိပါတယ်။ ဒါပေမဲ့ အများစုက အားကစားခန်းမကို သွားပြီး လေ့ကျင့်ခန်းလုပ်မှ ပိုအကျိုးထိရောက်မှုရှိပါတယ်။ အဲဒီအခါ လုပ်ဖြစ်ဖို့ ခက်သွားပါတယ်။ အဲဒီလိုမဖြစ်စေဖို့ အိပ်ရာမထဘဲ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေကို ဖော်ပြလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေလုပ်တဲ့အခါ စိတ်ခံစားမှု ကောင်းပြီး ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ ဟန်ချည်ညီမျှကာ ကျောရိုးမကြီးကို သန်စွမ်းစေပါတယ်။ အိပ်ရာနိုးတာနဲ့ အိပ်ရာမထဘဲ လှဲလျောင်းရင်း ပြုလုပ်နိုင်ပါတယ်။

 အိပ်ရာထဲလှဲပြီး ခဏလောက် အကြောဆန့်လိုက်ပါ။ ဦးခေါင်းအောက်က ခေါင်းအုံးကိုဖယ်ပြီး တဘတ်တစ်ထည်ကို လိပ်ကာကျောအောက်မှာ ထားပေးပါ။ ပြီးရင် လက်နှစ်ဖက်ကို ဦးခေါင်းအထက်မြှောက်ကာ ဆန့်ထုတ်လိုက်ပါ။

လည်ကုပ်အောက်မှာ တဘက်လိပ်ကိုထားပြီး မျက်နှာပေါ်ကို လက်ဖဝါးနှစ်ဖက်အုပ်ပေးပါ။ ဒီအနေအထားမှာ နှုတ်ခမ်းနဲ့ မျက်လုံးတွေကို ပြုံးပါ၊ တစ်ကိုယ်လုံးကို ပျော့ပျောင်းအနားရတဲ့ အနေအထားမှာနေပါ။

လက်နှစ်ဖက်ကို ဆန့်တန်းထုတ်ပြီး ညာလက်ကို ဘယ်လက်နဲ့ ပွတ်ကာ နွေးထွေးအောင်လုပ်ပါ။ ပြီးရင် မျက်နှာ၊ နဖူးတွေကို နွေးထွေးအောင် ပွတ်သပ်ပေးပါ။ အဲဒီအတိုင်း လည်ပင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ ခြေသလုံးနဲ့ ခြေဖဝါးတွေကိုပါ ပွတ်သပ်ပေးပါ။

ခြေဖနောင့်ထိ လေ့ ကျင့်ခန်း
လဲလျောင်းရင်းဒူး ကွေးကာ ဘယ်ခြေဖနောင့်ကို လက်နှစ်ဖက်နဲ့ ထိကိုင်ကာ ခြေချောင်းတွေကို ပွတ်သပ်ပေးပါ။ ပြီးရင် နောက်ခြေတစ်ဖက်ကို ပြောင်းလုပ်ပေးပါ။

ဘယ်ညာ လက်ချောင်းတွေကိုယှက်ပြီး ဦးခေါင်းနောက်အထိ ဆန့်ထုတ်လိုက်ပါ။ ခြေထောက်တွေဆန့်ထားပြီး ခြေဖနောင့်ကို ချထားပါ။ နှစ်ကြိမ်ခန့် ပြန်လုပ်ပါ။

ဘယ်ဘက်ကိုဆန့် ထုတ်ပြီး ဘယ်ခြေထောက်ကို ညာဘက်ခြေသလုံးဆီ ထိကပ်ပေးပါ။ ခေါင်းကိုမတ်မတ်နေပါ။ တခြားခြေထောက်ကို တစ်ဖန်ထပ်လုပ်ပေးပါ။

ပက်လက်လှန်လှဲလျောင်းပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ခြေထောက်ကို မြှင့်ထားပါ။ ပြီးရင် ခြေထောက်ကို ဘယ်ဘက်ကို စောင်းလိုက်၊ ညာဘက်ကို စောင်းလိုက် တစ်လှည့်စီ လုပ်ဆောင်ပေးပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top