Healthy Life Ad
Health Tips

တစ်နေ့လုံး ထိုင်ရသူတို့ လုပ်သင့်သည့် အကြောဆွဲဆန့်လေ့ကျင့်ခန်း

၊ ငွေကြယ်စင်ယံ ၊

ခန့်မှန်းချက်အရ အမေရိကန်ဝန်ထမ်းတွေရဲ့ ၈၆ ရာခိုင်နှုန်းက တစ်နေ့မှာ ၆ နာရီကနေ ၁၃ နာရီ အထိ ထိုင်ပြီး အလုပ်လုပ်နေရတယ်လို့ သိရပါတယ်။ အိမ်ပြန်လာပြီးရင်လည်း ညဘက် တီဗီထိုင်ကြည့်တဲ့ သူကများတယ်လို့ ဆိုပါတယ်။

တစ်နေ့မှာ အချိန် သုံးနာရီကျော်ကြာ ထိုင်ရင် ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ကင်ဆာ ရောဂါတချို့နဲ့ အရွယ်မတိုင်ခင် သေဆုံးမှုတွေ ဖြစ် နှုန်း မြင့်မားတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

အဲဒီအတွက် မတ်တပ်ရပ်ပြီး အလုပ်လုပ်နိုင်မယ့် စားပွဲတွေ တီထွင်လာကြသလို မတ်တပ်ရပ်ပြီး အစည်းအဝေးလုပ်တာမျိုးတွေလည်း ရှိလာပါတယ်။ ဒါပေမဲ့ အထိုင်များနေကြတုန်းပါပဲ။

အဲဒီအတွက် ဖြေရှင်းနိုင်ဖို့ အကြောဆွဲဆန့်တဲ့ နည်းကို လုပ်ဆောင်ပေးသင့်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ထိုင်ချိန် တစ်နာရီကြာတိုင်း မတ်မတ်ရပ်ပြီး တင်ပါးပေါ် လက်တင်ကာ နောက်ဘက်ကို ကော့လိုက်ပါ။ ဒီနည်းကို ငါးကြိမ်လောက် ဆက်တိုက်လုပ် ပေးပါ။ ခါးကော့တဲ့ အနေအထားမှာ သုံးစက္ကန့်ခန့်နေပါ။

ဒီနည်းက တစ်ကိုယ်လုံး တောင့်တင်းနေတာ ကိုပြေလျော့သွားစေပြီး ထပ်မံအလုပ်လုပ်နိုင်မယ့် ခွန်အားရရှိသွားစေပါတယ်။

(Ref; RD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top