Healthy Life Ad
Q & A

လေ့ကျင့်ခန်းလုပ်ချိန်နဲ့ အစားအသောက် စားသောက်ချိန် ဘယ်လောက်ခြားသင့်သလဲ . . .

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

မေး။ ။ လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ ရေသောက်တာ၊ အစာစားတာက မသင့်တော်ဘူးလို့ကြားဖူးလို့ပါ။ လေ့ကျင့်ခန်း လုပ်ချိန်နဲ့အစားအသောက်စားသောက် ချိန်ဘယ်လောက် ခြားသင့်ပါသလဲ။

ဖြေ။ ။ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ရေနည်းနည်းသောက်လို့ရပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး သိပ်မောနေချိန်မှာ ရေခဲရေသောက်တာထက် အခန်းအပူချိန်မှာရှိတဲ့ ရေကိုသောက်လို့ရပါတယ်။ သောက်တဲ့အခါ အာဆွတ်ရုံပဲ ဖြည်းဖြည်းချင်းသောက်ရပါမယ်။ အမြန်မသောက်ရပါဘူး။ လေ့ကျင့်ခန်းတစ်ချိန် လုပ်မယ်၊ ပြီးရင် ရေ ၁၀ဝ CC (ရေဖန်ခွက်တစ်ဝက်)သောက်မယ်၊ နောက်တစ်ချိန်မှာ ရေ ၁၀ဝ CC ထပ်သောက်မယ်. . လေ့ကျင့်ခန်းကို နှစ်နာရီလုပ်တယ်ဆိုရင် ရေဖန်ခွက်နှစ်ခွက်လောက် သောက်ဖြစ်သွားပါတယ်။ အဲဒီလောက် သောက်လို့ရပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ အစာစားချိန်ကို ဘာကြောင့်ခြားခိုင်းတာလဲ ဆိုရင် လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ကြွက်သားထဲက အဆီတွေက ကျသွားတယ်၊ အဲဒီအချိန်မှာ အစာကို ချက်ချင်းစားလိုက်မယ်ဆိုရင် အဆီတွေက လောင်ကျွမ်းနေတုန်းပဲ ရှိသေးတယ်။

အဲဒီအတွက် မစားသင့်သေးပါဘူး။ လေ့ကျင့်ခန်းလုပ်ပြီး အနည်းဆုံး နာရီဝက်လောက်ခြားပြီးမှ အစာကိုစားသင့်ပါတယ်။ ရေကတော့ စောစောက ပြောသလိုသောက်လို့ရပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး ခဏနားတာ၊ ရေချိုးတာ စတာတွေလုပ်ပြီး အနည်းဆုံး နာရီဝက်လောက်ကြာမှ ထမင်းလို အစာတွေကို စားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top