Healthy Life Ad
Health Tips

ခေါင်းတစ်ခြမ်းကိုက်ခြင်း သက်သာစေဖို့

ခေါင်းတစ်ခြမ်းကိုက်ရောဂါဖြစ်အောင် လှုံ့ဆော်ပေးတဲ့အရာတွေက ချောကလက်၊ ရေမွှေး၊ အရက်၊ အလင်းရောင်စူးစူးနဲ့ ရာသီဥတုအပြောင်း အလဲဖြစ်တာတွေကြောင့်ဖြစ်ပါတယ်။ သင်က ခေါင်းတစ်ခြမ်းကိုက်ရောဂါဖြစ်နိုင်ခြေများတယ်ဆိုရင် သင်စားနေကျအစာထဲမှာ အာဟာရပြည့်ဝမှုများတဲ့ အစာအမျိုးမျိုးထည့်သွင်း စားသုံးဖို့အရေးကြီးပါတယ်။ အထူးသဖြင့် အိုမီဂါ ၃ ဖက်တီး အက်ဆစ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် B2 တို့ ဖြစ်ကြပါတယ်။ ရေများများ သောက်သင့်ပါတယ်။

အောက်ပါအစာတွေက ခေါင်းတစ်ခြမ်းကိုက်ရောဂါမဖြစ်အောင် ကာကွယ်ပေးမယ့်အစာတွေဖြစ်ပါတယ်။

– ချင်း (ဂျင်း)၊
– သံလွင်ဆီ၊
– အုန်းသီးဆန်၊
– နှမ်းစေ့၊
– ဂေါ်ဖီထုပ်၊
– ဖရုံစေ့၊
– ကန်စွန်းဥ၊
– ပဲမည်း၊
– ဟင်းနုနယ်ရွက်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top