Healthy Life Ad
International

ကင်ဆာဆေးသွင်းကုသခံနေရသည့် ဇနီးအတွက် နှင်းဆီပန်း အပွင့် ၅၀ဝ လက်ဆောင် စီစဉ်ပေးသောခင်ပွန်း

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စုမှ အောက်ကလန်မြို့ဟာ လူဦးရေ ၁၂၄၄ ဦးသာရှိတဲ့ သေးငယ်တဲ့ မြို့လေးဖြစ်ပါတယ်။ လူတွေက တစ်ယောက်ကို တစ်ယောက်သိကြပြီး တစ်ဦးနဲ့တစ်ဦး အကူအညီပေးတတ်ကြပါတယ်။ သားသမီး ၄ ယောက်ရှိတဲ့ ဘရက်နဲ့ အယ်လစ်ဆာတို့ဟာ ဒီမြို့မှာနေထိုင်ကြပြီး အယ်လစ်ဆာဟာ ရင်သားကင်ဆာကြောင့် ခွဲစိတ်မှု သုံးကြိမ်ပြုလုပ်ထားရကာ ကင်ဆာဆေးသွင်းကုသမှု ခံယူနေရပါတယ်။

ကြာသပတေးနေ့မှာ နောက်ဆုံး ဆေးသွင်းကုသရမယ့် အယ်လစ်ဆာနဲ့ သူကုသမှုခံယူနေတဲ့ ကင်ဆာစင်တာအတွက် ဘရက်က ထူးထူးခြားခြား စိတ်ကူးတစ်ခုကို အကောင်အထည် ဖော်ခဲ့ပါတယ်။

မြို့ထဲက ပန်းဆိုင်မှ နှင်းဆီတစ်ပွင့်ကို အမေရိကန်ဒေါ်လာ ၁၀ နဲ့ ဝယ်ယူဖို့နဲ့ အဲဒီ ရရှိတဲ့အမြတ်ငွေ စုစုပေါင်းကို ကင်ဆာစင်တာကိုလှူဒါန်းမယ့် အစီအစဉ်ကိုမိတ်ဆွေတစ်ယောက်ချင်းစီကို ဖုန်းမက်ဆေ့ချ် ပို့ခဲ့ပါတယ်။ သူရဲ့မိတ်ဆွေတွေကလည်း တခြားလူတွေဆီကို ဒီမက်ဆေ့ချ်ကို ပို့ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ကြာသပတေးနေ့မှာ ကင်ဆာစင်တာသို့ ပန်းခြင်း တစ်ခြင်းပြီး တစ်ခြင်းရောက်ရှိလာခဲ့ကာ စုစုပေါင်း နှင်းဆီအပွင့် ၅၀ဝ ရှိခဲ့တယ်လို့သိရပါတယ်။ စုစုပေါင်းအလှူငွေ အမေရိကန်ဒေါ်လာ ၄၅၀ဝ ကိုလည်း စင်တာသို့လှူဒါန်းနိုင်ခဲ့ပါတယ်။ ပန်းတွေ အများကြီးကြောင့် အယ်လီဆာဟာ အံ့အားသင့်ခဲ့ပြီး အလွန်အားတက်ပျော်ရွှင်ခဲ့တယ်လို့ ပြောပါတယ်။ သူကပန်းတွေကို တခြားလူနာတွေနဲ့ စင်တာဝန်ထမ်းတွေကို ဝေမျှပေးခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကိုရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်မှာ ကြည့်ရှူသူထောင်ပေါင်းများစွာ ရှိခဲ့တယ်လို့သိရပြီး ကြည့်ရှူသူတွေက မြို့ငယ်လေး တစ်မြို့ရဲ့တစ်ဦးအပေါ်တစ်ဦးကူညီရိုင်းပင်းတတ်တဲ့ စိတ်ကို ဝိုင်းဝန်းဂုဏ်ပြုပေးခဲ့ကြပါတယ်။ အယ်လီဆာရဲ့ကင်ဆာကုသမှုက မပြီးဆုံးသေးဘဲ နောက် ထပ်ခွဲစိတ်မှုနှစ်ကြိမ်ပြုလုပ်ရဦးမယ်လို့လည်း သိရပါတယ်။

(Ref; KMTV)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top