Healthy Life Ad
Health Tips

ခေါင်းကိုက်ခြင်းကို တွန်းလှန်ပေးနိုင်မည့် စူပါအစာများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ခေါင်းကိုက်တဲ့အခါ ရွေးချယ်စားသောက်သင့်တဲ့ အစားအသောက်တွေ ရှိပါတယ်။


(၁) အဆီနည်းနွားနို့
ခေါင်းကိုက်စေတဲ့ အကြီးမားဆုံးအချက်တစ်ခုက ရေဓာတ်ခမ်းခြောက်တာပဲ ဖြစ်ပါတယ်။ ခေါင်းကိုက်တဲ့ဝေဒနာ ခံစားနေရသူတွေဟာ ရေဓာတ်ခမ်းခြောက်စေတဲ့ အရက်သောက်တာနဲ့ ဆိုဒီယမ်များတဲ့ အစာတွေကို စားတာတို့ ရှောင်ရပါမယ်။ အဲဒီအစား နွားနို့ သောက်သင့်ပါတယ်။ နွားနို့က ရေဓာတ်ပြည့်ဝစေတဲ့ အရည်ဖြစ်ရုံသာမက ကယ်လ်ဆီယမ်နဲ့ ပိုတက်ဆီယမ်တို့လို အရေးကြီး သတ္တုဓာတ်တွေ ပါဝင်မှုများပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို တစ်နေ့သုံးခွက်စားတာကြောင့် သွေးဖိအားကို ကောင်းမွန်စေပြီး ဆီးချိုရောဂါနဲ့ အဝလွန်ရောဂါအန္တရာယ်ကို လျော့ကျစေပါတယ်။


(၂) သခွားမွှေးသီး
ပိုတက်ဆီယမ်နဲ့ ရေဓာတ်များတဲ့ သခွားမွှေးသီးကို စားတာကြောင့် (ရေဓာတ်ခမ်းခြောက်ပြီး ဆို ဒီယမ်စားသုံးမှုများလို့ဖြစ်တဲ့)ခေါင်းကိုက်ဝေဒနာကို တွန်းလှန်ပေးနိုင်ပါတယ်။ အနေတော် သခွားမွှေးသီး တစ်လုံးမှာ တစ်နေ့တာ လိုအပ်တဲ့ မဂ္ဂနီဆီယမ် ၆၆ မီလီဂရမ် ပါဝင်ပါတယ်။ သွေးတွင်း သကြားဓာတ် နည်းတာကလည်း ခေါင်းကိုက်စေတဲ့ အချက်ဖြစ်တာကြောင့် မဂ္ဂနီဆီယမ်များတဲ့ အစာကို စားပေးရင် သွေးတွင်း သကြားဓာတ်အဆင့်ကို ဟန်ချက်ညီစေ ပြီး ခေါင်းကိုက်ရောဂါထခြင်း နည်းစေပါတယ်။


(၃) အဆီများသော ငါး
ခေါင်းကိုက်ဝေဒနာ သက်သာစေဖို့ ဗီတာမင် B12 B6နဲ့ ဖောလစ်အက်ဆစ်ပါဝင်မှုများတဲ့ အစာတွေကို စားပေးဖို့ လိုပါတယ်။ အဲဒီဓာတ်တွေ ရရှိစေဖို့ အဆီများတဲ့ ငါးကို စားပေးပါ။


(၄) အာလူး
အာလူးမှာ ပိုတက်ဆီယမ် ပါဝင်မှုများပြီး တစ်နေ့တာလိုအပ်တဲ့ ပိုတက်ဆီယမ်ရဲ့ ၃၅ ရာခိုင်နှုန်းခန့် ပါဝင်နေပါတယ်။ ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ ဗီတာ မင် B6ပါဝင်မှု ရှိပါတယ်။


(၅) ရေ
ခေါင်းကိုက်နေရင် ရေတစ်ခွက် သောက်လိုက် ပါ။ ရေဓာတ်ခမ်းခြောက်တာကြောင့် ခေါင်းကိုက် ဝေဒနာဖြစ်နှုန်း မြင့်မားတတ်ပါတယ်။


(၆) ချယ်ရီသီး
ချယ်ရီသီးမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက သွေးထဲမှာ နိုက်ထရစ်အောက်ဆိုက်အဖြစ် ပြောင်းလဲပေးပြီး ခေါင်းကိုက်တာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top