Healthy Life Ad
Q & A

အရောင်ရင့်တဲ့ အချိုရည်သောက်ပြီး ချက်ချင်းသွားတိုက်လို့ရပါသလား . . .

မေး. ကျွန်တော်က အရောင်ရင့်တဲ့ အချိုရည်သောက်ပြီးသွားရင် ချက်ချင်းသွားတိုက်ပစ်တတ်ပါတယ်။ တချို့ကလည်း အချိုရည်သောက်ပြီး ချက်ချင်းသွားမတိုက်သင့်ဘူးလို့ ပြောကြပါတယ်။ ဒါကြောင့် ဘယ်လိုလုပ်သင့်သလဲဆိုတာ သိပါရစေခင်ဗျာ။
ကိုယဉ်ထွေး၊ အင်းစိန်။

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. အရောင်ရင့်တဲ့ အချိုရည်သောက်ပြီးပြီဆိုရင် စိတ်ကချက်ချင်း သွားတိုက်ချင်ကြတယ်။ ဒါက မကောင်းပါ ဘူး။ ပလုတ်ကျင်းတာလောက်ပဲ လုပ်ပေးသင့်ပါတယ်။ ညအိပ်ခါနီးကျမှ သွားတိုက်ပေးသင့်ပါတယ်။ အဲဒီ အရောင်ရင့်တဲ့ အချိုရည်တွေမှာ ဂတ်စ်ပါတယ်၊ အက်ဆစ်ဓာတ်ပါတယ် . . အဲဒီတော့ သောက်လိုက်ရင် သွားတွေက ပျော့သွားပါတယ်။ ပျော့သွားတဲ့အချိန်မှာ သွားတိုက်တော့ သွားတွေက ပိုပြီးစားလွယ်ပါတယ်။ ဒါကြောင့် အဲဒီလိုအချိန်တွေမှာသွား မတိုက်သင့်ပါဘူး။ သံပရာသီးစုပ်မယ် . . ပြီးရင် ချက်ချင်းသွားတိုက်မယ် . . ဒီလို လုပ်တာကလည်း မကောင်းပါဘူး။

သွားတိုက်ဖို့ အကောင်းဆုံးအချိန်က မနက်စာစားပြီးချိန်နဲ့ ညအိပ်ရာဝင်ခါနီးအချိန်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆရာတို့ မြန်မာလူမျိုးတွေက မနက်ဆိုရင်သွားတိုက်ပြီးမှ မနက်စာစားတတ်တော့ မနက်အိပ်ရာထရင် သွားတစ်ခါတိုက်မယ်၊ မနက်စာစားပြီးရင် သွားတစ်ခါတိုက်မယ်၊ ပြီးတော့ ညအိပ်ရာဝင်ခါနီးသွားတစ်ခါတိုက်ရ ပါမယ်။ တစ်နေ့ကို အနည်းဆုံး သုံးခါသွားတိုက်ပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top