Healthy Life Ad
Q & A

သွားအတွင်းပိုင်းတွေ ပွနေပြီဆိုတာ . .

မေး. ကျွန်တော် သွားဆရာဝန်ဆီသွားပြတော့ သွားအတွင်းပိုင်းတွေ ပွနေပြီလို့ ပြောပါတယ်။ အချွန်နဲ့ ခြစ်တဲ့အခါ သွားအလယ်သားက ကြွေထွက်လာပါတယ်။ အဲဒါကိုစားပြီး ပြန်ဖြည့်ပေးလိုက်ပါတယ်။ သွားအတွင်းသားတွေ ပွနေတယ်ဆိုတာ ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။
ကိုဝေယံ၊ ဒေါပုံ။

ပါမောက္ခဦးကိုကိုမောင် မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီးမှ ဖြေကြားပေးပါသည်။

ဖြေ. တကယ်ကတော့ သွားပိုးစားတာပါ။ အင်္ဂလိပ်လို ပြောရရင် Decayလို့ ခေါ်ပါတယ်။ သွားဆွေးတာပါ၊ သွားဆွေးရတဲ့ အကြောင်းရင်းက အက်ဆစ်ဓာတ်ကြောင့် ဆွေးရတာပါ။ အက်ဆစ်ဓာတ်က ဘယ်ကလာသလဲဆိုတော့ ပါးစပ်ထဲမှာ တံတွေးတွေရှိတယ်၊ အချိုတွေစားတော့ ကစီပေါက်ပြီး အချဉ်ဓာတ်တွေ ထွက်လာရာက အက်ဆစ်ထွက်တယ်၊ များသောအားဖြင့် လက်တစ်အက်ဆစ်ထွက်ပြီး လက်တစ်အက်ဆစ်တွေက ပါးစပ်ထဲမှာ များလာတဲ့အခါ ကပ်ငြိပြီး အက်ဆစ်တွေစိမ့်စိမ့်ထွက်ရာက သွားတွေဟာ ပျော့ပျော့လာတတ်ပါတယ်၊ အဲဒါကို သွားဆွေးတယ်လို့ ခေါ်တာပါ။

အဲဒီအခါ သွားက ပင်ကိုလိုမာပြီး ဒေါင်ဒေါင်မမြည်နေပါဘူး၊ ပျော့နေတာကို သွားဆရာဝန်က ချက်ချင်းသိပြီး ပျော့နေတာကိုဖယ်၊ သွားအမာတွေ ကျန်တဲ့အထိထားပြီး အစားထိုး ဖာပေးတာဖြစ်ပါတယ်။ ဒီသွားတွေ ကောင်းနေဖို့ဆိုရင် အချိုတွေလျှော့စားရပါမယ်၊ သွားတိုက်ရပါ မယ်၊ အချိုတွေစားပြီးတိုင်း ပလုတ်ကျင်းရပါမယ်။

Most Popular

Healthy Life Ad
To Top