Healthy Life Ad
International

သမီးနှစ်ယောက်ရှိသည့် တရုတ်ဖခင် သားယောကျာ်းလေး မရသောကြောင့် မိမိငယ်ပါကို ဖြတ်ပစ်

၊ မိုးမင်းထွန်း ၊

တရုတ်ပြည်အရှေ့တောင်ပိုင်းမှ အမျိုးသားတစ်ယောက်ဟာ သားယောကျာ်းလေးမရတာကြောင့် မိမိငယ်ပါကို ဖြတ်ပစ်တဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အသက် ၃၆နှစ်အရွယ် တရုတ်အမျိုးသားဟာ အိမ်မှာတစ်ယောက်တည်း အရက်သောက်နေစဉ် သူ့ငယ်ပါရဲ့ ၃စင်တီမီတာအရွယ်အစားကို ဓားနဲ့ ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဂွမ်ဇူးမြို့တော်အပြင် ကျေးလက်ဒေသမှာ နေထိုင်တဲ့ ဒီအမျိုးသားဟာ သားယောကျာ်းလေး မရတာကြောင့် စိတ်ဆင်းရဲနေပြီး တခြားရွာသားတွေရဲ့ လှောင်ပြောင်မှုကိုလည်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

တရုတ်ရိုးရာအစဉ်အလာအရ သားယောကျာ်းလေးကိုသာ တန်ဖိုးထားကြပြီး သားယောကျာ်းလေးကသာ မိသားစုမျိုးဆက်ကို သယ်ဆောင်နိုင်ကာ သမီးမိန်းကလေးကတော့ တခြားမိသားစုရဲ့မျိုးဆက်ကို သယ်ဆောင်ကြတယ်ဆိုတဲ့ အယူရှိကြပါတယ်။

အဲဒီအမျိုးသားရဲ့မိသားစုက အဖြစ်အပျက်ကိုသိသိချင်း ပြတ်သွားတဲ့ ငယ်ပါအပိုင်းအစကို ရေခဲအိတ်ထဲထည့်ကာ အမျိုးသားကို အရေးပေါ်ဆေးရုံတင်ခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားဟာ ငယ်ပါကိုပြန်မဆက်ချင်ဘူးလို့ အစပိုင်းမှာ ငြင်းဆန်နေခဲ့ပေမယ့် ၄ နာရီကြာ ခွဲစိတ်မှုပြီးတဲ့နောက်မှာ အမျိုးသားရဲ့ငယ်ပါကို ပြန်ဆက်နိုင်ခဲ့ပါတယ်။ မိသားစုရဲ့ပြောပြချက်အရ ထိုအမျိုးသားဟာ အရက်ကို တစ်ခါမှသောက်ဖူးခြင်း မရှိဘဲ အဲဒီညက အရက် ၅ ခွက်သောက်ခဲ့တယ်လို့ ဆိုပါတယ်။ အခုအခါမှာ ပုံမှန်အခြေအနေ ပြန်ရောက်သွားပြီလို့သိရပြီး အပြည့်အစုံကောင်းမွန်ဖို့ ၆ လကနေ ၁၂ လအထိ ကြာမြင့်နိုင်မယ်လို့ဆရာဝန် တွေကပြောပါတယ်။

(Ref; SCMP)

Most Popular

Healthy Life Ad
To Top