Healthy Life Ad
Q & A

သွားခိုင်ခံ့ဖို့ ဘယ်လိုအစားအသောက်တွေ ရှောင်သင့်သလဲ . .

မေး။ ။ ဘယ်လို အစားအသောက်တွေက သွားတွေကို ထိခိုက်စေနိုင်ပါသလဲ။ သွားခိုင်ခံအောင် ဘယ်လို လုပ်သင့်ပါသလဲ။

သင်းသင်းနွယ်၊ သာကေတ။

ပါမောက္ခဦးကိုကိုမောင် မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီးမှ ဖြေကြားပေးပါသည်။

ဖြေ။ ။ သွားကျန်းမာချင်ရင် သွားဖုံးကောင်းဖို့လိုတယ်၊ သွားပျက်စီးစေတာ အချိုပဲ၊ အချိုဆိုတဲ့ နေရာမှာ သကြားပါတဲ့ မုန့်တွေ၊ ချောကလက်၊ ချိုချဉ်၊ ထန်းလျက်စတဲ့ စေးကပ်တဲ့ အစာတွေဖြစ်ပါတယ်။ ဒီအစာတွေကို မစားရဘူးလားဆိုတော့ စားလို့ရပါတယ်။ ဒါပေမဲ့ စားပြီးရင် ပလုတ်ကျင်းပေးရမယ်၊ ညအိပ်ရာဝင်ခါနီးမှာ သွားတိုက်ပေးရမယ်။ ဒါဆိုရင် ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ သွားခိုင်ခံ့ဖို့က သွားတိုက်တာကို နည်းမှန်လမ်းမှန် လုပ်ပေးဖို့ပဲ။ လူတွေက သွားတွေကို လက်ကလေးနဲ့တိုက်တာ မလုပ်ရပါဘူး။ သွားပွတ်တံသုံးရင်လည်း အမာမသုံးရဘူး၊ အပျော့ကိုသုံးရပါမယ်။ တချို့က မာမှ ကောင်းမယ်ထင်နေကြတယ်၊ မဟုတ်ပါဘူး၊ အပျော့ကို သုံးရပါမယ်။ ပြီးတော့ သွားပွတ်တံ အကြီးကြီးနဲ့လည်း မတိုက်ရပါဘူး။ အကြီးကြီးနဲ့တိုက်ရင် အံဆုံးတွေအထိ မရောက်တော့ဘူး၊ သွားပွတ်တံက အံဆုံးနေရာအထိ ရောက်တဲ့ ပျော့ပျော့ချွန်ချွန်လေးတွေ သုံးရပါမယ်။

Most Popular

Healthy Life Ad
To Top