Healthy Life Ad
International

၁၁ နှစ်သမီးအရွယ်ကတည်းက အားဖြည့်အချိုရည် တစ်နေ့ငါးဘူးသောက်သည့် အမျိုးသမီး နှလုံးရောဂါနှင့် ကိုယ်ဝန်ပျက်ကျခြင်းတို့ကြုံတွေ့ခဲ့ရ

၊ မိုးမင်းထွန်း ၊

ယူကေနိုင်ငံ၊ နော့သန်တန်ရှိုင်းယားအရပ်မှာနေထိုင်တဲ့ အသက် ၁၈ နှစ်အရွယ် ဒိုင်ယွန်ဖာရက်ဟာ အသက် ၁၁ နှစ်သမီးအရွယ်ကတည်းက အားဖြည့်အချိုရည် တစ်နေ့ငါးဘူး သောက်သုံးခဲ့တယ်လို့ဆိုပါတယ်။ သူဟာ အခုအခါ သွေးဖိအားကျဆင်းမှုနဲ့ ပြင်းထန်တဲ့နှလုံးရောဂါကို ခံစားနေခဲ့ရပါတယ်။ ကိုယ်ဝန်ပျက်ကျမှု နှစ်ကြိမ်ကို ကြုံတွေ့ခဲ့ရပြီး ဒါဟာလည်း အားဖြည့်အချိုရည်သောက်သုံးခဲ့မှုကြောင့်လို့ သူကအပြစ်ဆိုပါတယ်။

ဆရာဝန်တွေက သူရဲ့နှလုံးရောဂါကို စစ်ဆေးဖို့အတွက် ECGစက်နဲ့ ချိတ်ဆက်ထားတဲ့ နှလုံးစစ်ဆေးရေး ကိရိယာကို သူ့ကိုယ်ခန္ဓာမှာ တပ်ဆင်ပေးခဲ့ပါတယ်။ အဆိုပါဓာတ်ပုံကို သူရဲ့ဖေ့စ်ဘွတ်ခ်မှာတင်ထားပြီး လူတွေအနေနဲ့ အားဖြည့်အချိုရည်သောက်သုံးမှုကို ရှောင်ကြဉ်ကြဖို့နဲ့ မိဘတွေအနေနဲ့လည်း ကလေးငယ် တွေကို ဒီလိုအချိုရည်တွေသောက်သုံးတာကို တားမြစ်ဖို့ တိုက်တွန်းထားပါတယ်။

သူရဲ့ဖေ့စ်ဘွတ်ခ်ပို့စ်ကို ရှယ်ထားသူ ၅၅၀ဝ ကျော်ရှိပြီး လူတွေအထူးစိတ်ဝင်စားခဲ့ကြတယ်လို့လည်း သိရှိရပါတယ်။ စိန့်သောမတ်စ် ဆေးရုံမှ နှလုံးအထူးကု ဆရာဝန်ဒေါက်တာဂရေဟမ်ဂျက်ဆန်က အားဖြည့်အချိုုရည်မှာပါဝင်တဲ့ ကဖင်းဓာတ် ဟာ နှလုံးခုန်နှုန်းကိုမြန်စေပြီး လူတွေရဲ့အာရုံကိုလှုံ့ဆော်ပေးတယ်လို့ ဆိုပါတယ်။

တစ်နေ့ အချိုရည်ဘူး နှစ်ဘူးသောက်သုံးတာဟာ ကဖင်းဓာတ် ၈၀ဝ MG ကိုရရှိစေပြီး အန္တရာယ်ရှိနိုင်တယ်လို့ဆိုပါတယ်။ လူ တွေဟာ တစ်နေ့ကို ကဖင်းဓာတ် ၄၀ဝ MG သာ သောက်သုံးသင့်ပြီး ဒီထက်များပါက နှလုံးတုန်ရင်တုန် ဖြစ်တာလို နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်စေနိုင်တယ်လို့သိရပါတယ်။
(Ref;DM)

Most Popular

Healthy Life Ad
To Top