Healthy Life Ad
Child

သွားဖုံး သွေးယိုခြင်း

ပါမောက္ခဦးကိုကိုမောင် မေးရိုးနှင့်ခံတွင်း ခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ သွားဖုံးကနေ သွေးခဏခဏ ထွက်နေတာ ဘာကြောင့်ပါလဲ ဆရာ။
ဖြေ ။ သွားဖုံးက သွေးထွက်တယ်ဆိုရင်တော့ ညအိပ်တဲ့အခါ ခေါင်းအုံးမှာ သွေးတွေစွန်းပြီး ရှိနေသလား၊ ဒါမှမဟုတ် သွားတိုက်တဲ့အခါ သွေးတွေထွက်လာသလား၊ ဒါမှမဟုတ် အလိုလိုနေရင်း ပါး စပ်ထဲမှာသွေးခဲတွေပြည့်ပြီး သွေးတွေထွက်နေတာလား . . များသောအားဖြင့် သွားဖုံးက သွေးထွက် တယ်ဆိုတာ ဒီသုံးမျိုးထဲက တစ်မျိုး ဖြစ်တတ်သလို တစ်မျိုးမကလည်း ဖြစ်တတ်ပါတယ်။

မေး ။ ဘယ်လိုလူတွေက သွားဖုံးကနေ သွေးခဏခဏ ထွက်တတ်ပါသလဲ ဆရာ။
ဖြေ ။ ဘယ်လိုလူတွေက သွားဖုံးကနေ သွေးထွက် များသလဲဆိုတော့ သွားဖုံးတွေ ရောင်နေတယ်၊ သွား ချေးကျောက်တွေရှိနေတယ်ဆိုတဲ့ လူတွေမှာ များသောအားဖြင့် ဖြစ်တတ်ပါတယ်။ သွားဖုံးရောင်နေတဲ့အချိန် သွားတိုက်လိုက်ရင် သွားပွတ်တံမှာ သွေးတွေပေနေမှာပဲ။ သွေးပါလာပြီဆိုတာနဲ့ သွားဖုံးမကောင်းလို့ဆိုတာ သိရပါမယ်။ ဒါဆိုရင် သွားဆရာဝန်ဆီကို ပြသပြီး သန့်ရှင်းရေးလုပ်သင့်ရင် သန့်ရှင်းရေးလုပ်ရပါမယ်၊ ပြီးရင် သွားတိုက်နည်းမှန်မှန်နဲ့ တိုက်ပေးရပါမယ်။ တကယ်လို့ သွားဖုံးက ရောင်နေတယ်၊ သွားမှာ ကျောက်တွေ၊ ဂျိုးတွေမရှိဘူးဆိုရင် သွားပွတ်တံနဲ့ ဖိတိုက်လိုက်တဲ့အခါ စင်ကြယ်သွားရင် သွား ဖုံးကပြန်ကောင်းသွားတတ်ပါတယ်။ ဒါပေမဲ့ သွေးအမြဲထွက်နေတယ်ဆိုရင်တော့ သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။

မေး ။ အိပ်တဲ့အခါ ခေါင်းအုံးမှာ သွားရည်ကျလို့ သွေးစွန်းနေတယ်ဆိုရင် ဘာဆက်လုပ်သင့်ပါသလဲ ဆရာ။
ဖြေ ။ အိပ်တဲ့အခါ ခေါင်းအုံးမှာ တံတွေးတွေကျတယ်၊ သွားရည်တွေကျတယ် . . အဲဒီအခါ သွေးတွေပါ စွန်းစွန်းနေတယ်ဆိုရင်တော့ သွားဖုံးမကောင်းဘူးလားဆိုပြီး သွားဆရာဝန်နဲ့ ပြသစစ်ဆေးဖို့လိုပါတယ်။

အလိုလိုနေရင်းပါးစပ်ထဲမှာ သွေးတွေ ထွက်ထွက်လာတယ်ဆိုရင်တော့ သွားဖုံးရောဂါရယ်လို့ ချည်းပြောလို့မရပါဘူး။ သွေးရောဂါတွေရှိလို့လည်း ဖြစ်နိုင်ပါတယ်၊ ကျောက်ကပ်ရောဂါတွေဖြစ်ပြီး ယူရီယား၊ ခရစ်ယာတနင်းတွေ ထွက်လို့လည်း ဖြစ်နိုင်ပါတယ်၊

ဒါမှမဟုတ် သွေးမတိတ်တဲ့ရောဂါတွေ၊ သွေးဥမွှားနည်းတဲ့ ရောဂါတွေ ဖြစ်ရင်လည်း အလိုလိုနေရင်း သွေးထွက်တတ်ပါတယ်။ ဒါကြောင့် တတ်ကျွမ်းနားလည်တဲ့ သွားဆရာဝန်နဲ့ ပြသပြီး သွားမကောင်းလို့ ဖြစ်တာလား၊ သွားဖုံးမကောင်းလို့ ဖြစ်တာလား ဆိုတာ စစ်ဆေးရပါမယ်။ မဟုတ်ဘူးဆိုရင် သက်ဆိုင်ရာ ဆရာဝန်ကို လွှဲပေးပါလိမ့်မယ်။ အဲဒီအခါ စနစ်တကျ ကုသမှုခံယူသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top