Healthy Life Ad
Q & A

နှာစေးပြီး ခေါင်းတစ်ခြမ်း ကိုက်နေတယ်

မေး – နှာစေးပြီး ခေါင်းတစ်ခြမ်းကိုက်နေပါတယ်။ နှာရည်ညှစ်ရင်နာတယ်။ ဘာဆေးသောက်ရမလဲ ခင်ဗျာ။
…..ကိုသူရ။

အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး ပါမောက္ခဦးကိုကို မှ ဖြေကြားသည် ၊

ဖြေ – နှာစေးပြီး ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာအတွက် NSAIDS ဆေးအမျိုးအစားတစ်မျိုး (ဥပမာ- Ibuprofen ) သောက်လို့ရပါတယ်။ နှာရည် ညှစ်ရင် ထွက်တဲ့ နှပ်အရောင်က အဝါရောင် သမ်းတဲ့အခါ ပဋိဇီဝပိုးသတ်ဆေး (ဥပမာ အမောက်ဆလင်) တစ်မျိုးမျိုး သောက်ဖို့ လိုပါတယ်။ အမောက်ဆလင် သောက်မယ်ဆိုရင် ၅၀ဝ မီလီဂရမ်ကို တစ်နေ့ သုံးကြိမ်-ငါးရက်လောက် သောက်ရင် သက်သာသွား ပါလိမ့်မယ်။ Sinusitis လို့ ခေါ်တဲ့ ထိပ်ကပ်နာဖြစ်မှာ စိုးလို့ပါ။ ပြီးတော့ Cetrizine ကို ညအိပ်ရာမဝင်ခင် တစ်လုံး သောက်နိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top