Healthy Life Ad
Child

သင့်ကလေး သွားတိုက်ရာတွင် . . .

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်း ခွဲစိတ်ဆရာဝန်ကြီး)

လူကြီးတွေကျတော့ ခံတွင်း သန့်ရှင်းဖို့ အတွက် ပူရှိန်း (Mint)တွေပါတဲ့ အမျိုးအစားတွေကို သုံးတာကောင်းပါတယ်။

သွားပေါက်ခါစ ကလေးငယ်များ

အသက် ခြောက်လလောက်ဆိုရင် ကလေးတွေက သွားတွေ စပေါက်လာပါပြီ။ အဲဒီအရွယ်ဆိုရင် သွားစတိုက်ပေးရပါမယ်။ ဒီအရွယ်လေးတွေက ဘာပဲထည့်ထည့် ပါးစပ်ထဲရောက်ရင် အကုန်မျိုချမယ့် အရွယ်ဖြစ်တော့ လူကြီး သွားတိုက်ဆေးနဲ့ မတိုက်ခိုင်းရပါဘူး။ လူကြီး သွားတိုက်ဆေးကျတော့ မျိုချမိရင် ကလေးအတွက် အန္တရာယ်ရှိပါတယ်။ ဖလိုရိုက်ဓာတ်က လိုအပ်တာထက် ပိုများရင်လည်း ကလေးသွားတွေ ပျက်စီးတတ်ပါတယ်။ ဖလိုရိုက် ဓာတ်က ပုံမှန်ရရှိဖို့ အရေးကြီးတယ်။ ပိုနေရင် သွား တွေမှာ အချိုင့်တွေဖြစ်ပြီး သွားတွေ အားနည်း တတ်တယ်။

ကလေးလေးတွေကျတော့ ပူရှိန်းအရသာကို မခံနိုင်ဘူး။ ဒါကြောင့် ကလေးတွေအတွက် အထူး ဖော်စပ်ထားတဲ့ သွားတိုက်ဆေးမှာ ကျတော့ ပူရှိန်းနံ့ နည်းအောင် လုပ်ထားပါတယ်၊ ဖလိုရိုက်ဓာတ် နည်းအောင်လည်း လုပ်ထားပါတယ်။ အဲဒါနဲ့တိုက် ပေးရပါမယ်။

ငါးနှစ်အထက်အရွယ် ကလေးများ

အသက် ငါးနှစ်အထက်အရွယ် ကလေးတွေ ကျတော့ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကို သုံးပြီး သွားတိုက်ခိုင်းလို့ ရပါတယ်။
ကလေးက သွားတိုက်ဆေးကို ထွေးထုတ် တတ်တယ်၊ ပလုတ်ကျင်းတတ်တယ်ဆိုရင် လူကြီး သွားတိုက်ဆေးကို တိုက်ခိုင်းလို့ ရပါတယ်။ အဲဒီအခါ သတိပြုရမှာက ကလေးတွေကို သွားတိုက်တဲ့ အခါ သွားတိုက်တံထဲမှာ သွားတိုက်ဆေးနည်းနည်း လေးပဲထည့်ပြီး သွားတိုက်ခိုင်းရပါမယ်။ သွားတိုက် ဆေးအများကြီး မထည့်ရပါဘူး။

ကလေးကို ငယ်ငယ်ကတည်းက စနစ်မှန်၊ နည်းလမ်းမှန် သွားတိုက်နည်းကို သွန်သင်ထားရပါမယ်။ အဲဒါက သွားတိုက်တံကို သွားဖုံးပေါ်မှာ ၄၅ ဒီဂရီစောင်းထားပြီး အထက်အောက် တိုက်ပေးဖို့ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top