Healthy Life Ad
Life Style

သွားနှင့်ခံတွင်းကျန်းမာရေး ကောင်းမွန်ခြင်းဖြင့် အသက်ရှည်စေနိုင်

ပါမောက္ခဦးကိုကိုမောင်
(မေးရိုးနှင့် ခံတွင်း ခွဲစိတ်ဆရာဝန်ကြီး)

အခုခေတ်မှာ ခံတွင်းကျန်းမာရေးက အလွန်အရေးကြီးတယ်ဆိုတာ လက်ခံလာကြပြီ ဖြစ်ပါတယ်။ အရင်တုန်းက ခံတွင်းကျန်းမာရေးက သပ်သပ်၊ ခန္ဓာကိုယ်ကျန်းမာရေးက သပ်သပ်လို့ ထင်ခဲ့ကြတယ်။ တကယ်တော့ ခံတွင်းကျန်းမာရေးကောင်းနေမှ ကျန်တဲ့ရောဂါဝေဒနာတွေ ကင်းစင်နေမှာပါ။ ကျန်တဲ့ရောဂါတွေကလည်း ခံတွင်းကျန်းမာရေးမကောင်းရင် ပိုပြီးဖြစ်ပါတယ်။ ဒါကြောင့် ခံတွင်းကျန်းမာရေးကောင်းမှ ရောဂါကင်းပြီး သက်ရှည်ကျန်းမာအောင် ပံ့ပိုးကူညီနိုင်မှာ ဖြစ်ပါတယ်။

ခံတွင်းကျန်းမာရေးနှင့် ဆီးချိုရောဂါ

ခံတွင်းကျန်းမာရေးနဲ့ ဆီးချိုရောဂါက ဆက်စပ်မှုရှိပါတယ်။ ခံတွင်းကျန်းမာရေး မကောင်းရင် ဆီးချိုကလည်း ပိုပြီးထိန်းရတာ ခက်တတ်ပါတယ်။ ခံတွင်းကျန်းမာရေးကောင်းရင် ဆီးချိုကို ကောင်းကောင်းထိန်းလို့ ရတတ်ပါတယ်။ ဆီးချိုရောဂါပိုဆိုးလာတဲ့အခါ ခံတွင်းကျန်းမာရေးကလည်း ပိုဆိုးလာပါတယ်။ ဒီတော့ သွားဆရာဝန်ကလည်း သွားနဲ့ခံတွင်းကိုပဲ တစ်ယောက်တည်းကုနေလို့ မရပါဘူး။ ဆီးချိုအထူးကုနဲ့ နှစ်ဦးနှစ်ဖက်ညှိပြီး ကုပေးရပါမယ်။ ဒီလိုလုပ်မှ လူနာအတွက် ပိုအဆင်ပြေပါတယ်။ ဆီးချိုရောဂါ သိပ်ဆိုးပြီး သွေးချိုဆီးချိုအလွန်တက်လာတယ်ဆိုရင် သွားဖုံးတွေရောင်ပြီး သွားတွေကနဲ့နေတယ်၊ လှုပ်နေတယ်ဆိုရင် ဆီးချိုစစ်ဖို့သွားဆရာဝန်တွေက လူနာကိုအကြံပြု တိုက်တွန်းရပါတယ်။ အလားတူပဲသွားတွေရဲ့ သန့်ရှင်းရေးကမကောင်းဘဲ သွားချေးတွေရှိနေတယ်ဆိုရင် ဆီးချိုအထူးကုကလည်း သွားနဲ့ခံတွင်းကိုဂရုစိုက်ဖို့ သွားဆရာဝန်ဆီ လွှဲရပါတယ်။

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သွားတွေလှုပ်နေရင်၊ သွားတွေနဲ့နေရင် ဆီးချိုစစ်ကြည့်ဖို့ အကြံပြုရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသက် ၃၀ – ၄၀ အရွယ်ဆိုတာ သွားတွေလှုပ်တာ၊ နဲ့တာတွေဖြစ်ရမယ့် အရွယ်မဟုတ်ပါဘူး၊ သွားနဲ့သွားဖုံး အကောင်းအတိုင်းရှိရမယ့် အရွယ်မှာမကောင်းရင် ဆီးချိုစစ်ဖို့ဆရာတို့က တိုက်တွန်းလေ့ရှိပါတယ်။

ခံတွင်းကျန်းမာရေးနှင့် နှလုံးရောဂါ

ခံတွင်းကျန်းမာရေးမကောင်းရင် နှလုံးကိုထိခိုက်စေပြီး နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။ နှလုံးရောဂါဆိုရာမှာ မွေးရာပါနှလုံးအဆို့ မကောင်းတဲ့အခြေအနေရှိရင် ခံတွင်းမကောင်းတဲ့အတွက် ခံတွင်းထဲကပိုးမွှားတွေက သွေးစီးကြောင်းထဲရောက်သွားပြီး နောက်ဆုံးမှာ နှလုံးအဆို့မှာပိုးမွှားတွေ သွားအောင်းနေတတ်ပါတယ်။ အဲဒီအတွက် နှလုံးအဆို့ရှင် ပျက်တတ်ပါတယ်၊ နှလုံးအတွင်းပိုင်း ရောင်တတ်ပါတယ်၊ ဒါကို Bacteria Endocarditis လို့ ခေါ်ပါတယ်။

ခံတွင်းကျန်းမာရေးနှင့် ကင်ဆာရောဂါ

အခုနောက်ပိုင်းမှာ ခံတွင်းကျန်းမာရေးမကောင်းတဲ့သူတွေမှာ ကင်ဆာရောဂါတွေ ပိုဖြစ်တယ်ဆိုပြီး တွေ့နေရပါတယ်။ ကျောက်ကပ်ကင်ဆာဖြစ်တာ၊ အဆုတ်ကင်ဆာဖြစ်တာတွေက ခံတွင်းကျန်းမာရေး မကောင်းတာနဲ့ ဆက်စပ်မှုရှိလာပါတယ်။ ဒါကြောင့် ခံတွင်းကျန်းမာရေးက ပိုပြီးအရေးကြီးတယ်ဆိုပြီး အနောက်တိုင်းနိုင်ငံတွေမှာ လူထုကို တပ်လှန့်လာပါတယ်။

Most Popular

Healthy Life Ad
To Top