Healthy Life Ad
Health Tips

ဗိုက်ထဲကသန္ဓေသားအကြောင်း သိကောင်းစရာ

၊ လရိပ်မေ ၊

– လူ့ခန္ဓာကိုယ်မှာ အကြီးဆုံးဆဲလ်က သားဥဆဲလ်(Female Ovum) ဖြစ်ပြီး အသေးဆုံးဆဲလ်က အမျိုးသားသုက်ကောင် ဖြစ်ပါတယ်။

– မမွေးရသေးတဲ့ကလေးတွေက ခံစားနိုင်တယ်၊ မြင်နိုင်တယ်၊ ကြားလည်းကြားနိုင်ပါတယ်။

– ရေမြွှာရည်အများစုဟာ အမှန်တကယ်အားဖြင့် ပိုးသေတဲ့ဆီးပဲ ဖြစ်ပါတယ်။ ရေမြွှာရည်ဆိုတာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးရဲ့ ရေမြွှာအိတ်ထဲမှာပါတဲ့ အကာအကွယ်အရည် ဖြစ်ပါတယ်။

– အမျိုးသမီးတစ်ယောက်ရဲ့ သားအိမ်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်အရွယ်အစားထက် အဆ ၅၀ဝ ကျော် ပိုကျယ်ပြန့်လာပါတယ်။

– ဗိုက်ထဲကသန္ဓေသားဟာ အသက်သုံးလအရွယ်မှာ လက်ဗွေရာပေါ်လာပါပြီ။

– ကိုယ်ဝန်ဒုတိယသုံးလပတ်ကစပြီး သန္ဓေသားလေးဟာ သားအိမ်ထဲ ဆီးသွားတတ်ပါတယ်။ ပြီးတော့အဲဒါကို သောက်လေ့ရှိပါတယ်။

– သားဥနဲ့မျိုးအောင်တဲ့ သုက်ကောင်ရဲ့ ခရိုမိုဇုမ်းနံပါတ် ၂၃ ရဲ့ X ဒါမှမဟုတ် Y ပေါ်မူတည်ပြီး ကလေးရဲ့လိင်အမျိုးအစားက ပြောင်းလဲမှုရှိသွားပါတယ်။ ဆိုလိုတာက ကလေးတစ်ယောက်ရဲ့ လိင်အမျိုးအစားဟာ ဖခင်ပေါ်မှာပဲ မူတည်နေပါတယ်။

– သန္ဓေသားလေးဟာ မိခင်ဝမ်းဗိုက်ထဲမှာ မျက်ရည်ကျတတ်ပါတယ်။

– သန္ဓေသားမှာ ဖွံ့ဖြိုးတဲ့နောက်ဆုံးအင်္ဂါအစိတ်အပိုင်းက အဆုတ်ပဲဖြစ်ပါတယ်။

– မိခင်စားသမျှအစာတွေကို ဗိုက်ထဲကသန္ဓေသားက အရသာခံနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။

(Ref;DH)

Most Popular

Healthy Life Ad
To Top