Healthy Life Ad
International

ဘောလုံးကန်ခြင်းက ဆီးချိုရောဂါနှင့် နှလုံးရောဂါ ဖြစ်နိုင်ခြေများကို လျော့ကျစေနိုင်

ကိုထက်
အသက် ၆၀ ကျော် ၇၀ အရွယ်ဆိုရင် လူတိုင်းက ဘောလုံးကန်ဖို့ တွေးမှာမဟုတ်တော့ပါဘူး။ ဒါပေမဲ့ လေ့လာမှုတွေအရ အသက် ၆၀ ကျော်ချိန်အထိ ရေရှည်ဘောလုံးကန်ခဲ့ကြသူတွေက အသက် ၆၃ နှစ်ကနေ ၇၅ နှစ်အရွယ်မှာ ဘောလုံးမကန်ခဲ့ဖူးသူတွေထက် ကျန်းမာရေးပိုကောင်းပြီး ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ဖြစ်ပွားနှုန်းကို များစွာလျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

ကိုပန်ဟဂန်တက္ကသိုလ်၊ အာဟာရ၊ လေ့ကျင့်ခန်းနှင့် အားကစားဆိုင်ရာဌာနမှ ဦးဆောင်လေ့လာသူ သောမက်ရိုဂရ အန်ဒါဆန်က-
“ ဘောလုံးကန်တာက နှလုံးသွေးကြော ဆိုင်ရာရောဂါတွေနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေကို ထိထိရောက်ရောက် လျော့ကျစေနိုင်ပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။
အန်ဒါဆင်က လူတချို့ကို စစ်တမ်းကောက်ပြီး လေးလကြာ ဘောလုံးအားကစားကို လေ့ကျင့်နေစေခဲ့ပြီးနောက် တချို့ကို အနားပေးလိုက်ကာ တချို့ကို တစ်ပတ်နှစ်ကြိမ် ဆက်လက်ကစားနေစေခဲ့ပါတယ်။ နှစ်နှစ်ကြာပြီးနောက် စစ်တမ်း ပြန်လည်ကောက်ခဲ့တဲ့အခါ ပထမဦးဆုံး လေးလကြာ ဘောလုံးကန်ခဲ့သူ အားလုံးနီးပါးဟာ နှလုံးကျန်းမာရေး ၁၅ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်၊ အကြားအာရုံ ၄၃ ရာခိုင်နှုန်း ပိုကောင်းလာပြီး ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်နိုင်စွမ်း ၃၀ ရာခိုင်နှုန်း ပိုကောင်းမွန်လာတာကို တွေ့ခဲ့ရပါတယ်။

လေးလကြာပြီး နောက်ပိုင်းအထိ ဘောလုံး ဆက်ကစားသူတွေကတော့ ဒီရလဒ်တွေအပြင် အသားကျစ်ပမာဏ ၃ ရာခိုင်နှုန်း ပိုကောင်းလာပြီး သွေးတွင်းသကြားထိန်းချုပ်နိုင်စွမ်း ပိုကောင်းလာပါတယ်၊ ဒါ့အပြင် အောက်ဆီဂျင် ရယူနိုင်စွမ်း ပိုမိုအားကောင်းလာတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

“ ဒီလေ့လာမှုအရ ဘောလုံးကန်တာက အသက်ကြီးလာရင်တောင် ကြွက်သားဆုံးရှုံးမှုမရှိဘဲ ကိုယ်အလေးချိန်ကိုလည်း ကောင်းစွာ ထိန်းထားနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ် ” လို့ လေ့လာသူ ဂျန်းဘန်ဘိုကလည်း ကောက်ချက်ချခဲ့ပါတယ်။
Ref: Zeenews

Most Popular

Healthy Life Ad
To Top