Healthy Life Ad
Health Tips

သင့်သွားကိုဝါစေသည့် အစားအသောက်များ

၊ မီမိုး (ဆေးဝါးတက္ကသိုလ်) ၊

အရောင်ရင့်တဲ့အစားအသောက်တွေက သွားတွေကိုအရောင်ရင့်စေနိုင်ပြီး သွားတွေကို ထိခိုက်စေနိုင်ပါတယ်။

b3
– ဝိုင်နီ

ဝိုင်နီထဲမှာပါတဲ့ တန်နင်ဓာတ်ကြောင့် သွားတွေကိုဝါပြီး အညိုရောင် စွန်းထင်းတတ်ပါတယ်။

b5
– ကော်ဖီ

ကော်ဖီက အရောင့်ရင့်တဲ့အတွက် ကော်ဖီသောက်ပြီးချိန်မှာ သွားတွေဝါတတ်တာ ဖြစ်ပါတယ်။

b4
– လက်ဖက်ရည်

အရောင်ရင့်တဲ့ လက်ဖက်ရည်ပြင်းပြင်းတွေ သောက်လိုက်ရင် သွားတွေကို အရောင်စွန်းထင်းပြီး ထိခိုက်မှုဖြစ်စေတတ်ပါတယ်။

b2
– ဘယ်ရီသီးများ

ဘလူးဘယ်ရီသီး၊ ဘလက်ဘယ်ရီသီး စတဲ့ ဘယ်ရီသီးအနွှယ်ဝင် သစ်သီးတွေမှာ ဗီတာမင်နဲ့ တခြားသက်ရှည်စေတဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ဒါပေမဲ့ အရောင်စွန်းထင်းမှုများတာကြောင့် သွားကြွေလွှာမှာ အရောင်ထင်တတ်ပါတယ်။

b7
– ကိုလာနှင့် ဆော်ဒါ

ကိုလာနဲ့ ဆော်ဒါဖျော်ရည်က အရောင်ရင့်တဲ့အပြင် အများအားဖြင့် အေးအောင်ထားပြီး သောက်လေ့ရှိတဲ့အတွက် သွားတွေမှာကပ်ငြိမှုများကာ အရောင်စွန်းထင်း နိုင်ပါတယ်။ အလွန်ပူတဲ့ လက်ဖက်ရည်၊ ကော်ဖီသောက်သလိုမျိုး သွားတွေစွန်းထင်း တတ်ပါတယ်။

b1
– ဥနီ (Beet)

ဥနီ (Beet Root) မှာ ဗီတာမင်နဲ့ သတ္တုဓာတ်အပြည့်အဝ ပါဝင်နေပါတယ်။ အနီရင့်ရောင်ဖြစ်နေတဲ့အတွက် ဥနီစားရင် သွားတွေသေချာပေါက် စွန်းထင်းစေပါတယ်။ စားပြီးရင် ပလုတ်ကျင်းတာ ဒါမှမဟုတ် သွားတိုက်တာတို့လုပ်ပေးမှ သွားတွေစွန်းထင်းတာ လျော့ပါးသွားမှာပါ။

b6
– ခရမ်းချဉ်သီးဆော့စ်

ခရမ်းချဉ်သီးဆော့စ်စားရင် သွားတွေကို အရောင်ရင့်စေနိုင်ပါတယ်။ အကြောင်းကတော့ ခရမ်းချဉ်သီးဆော့စ်မှာပါတဲ့ အရောင်ကြောင့်သာမက၊ အက်ဆစ်ဓာတ်လွန်ကဲတဲ့အတွက် ဖြစ်ရတာပါ။

သွားဖြူစင်စေမည့် အချက်များ

(၁) သွားတိုက်ပါ

အက်ဆစ်ဓာတ်များပြီး အရောင်စွန်းထင်းလွယ်စေတဲ့ အစာတွေစားပြီးရင် သွားကြွေလွှာတွေ ပျော့ပျောင်းပြီး အားနည်းနေတာကြောင့် ခပ်ကြမ်းကြမ်းသွားတိုက်ရင် ပိုပြီး ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီအစာတွေစားပြီး နာရီဝက်အကြာမှာ သွားတိုက်ပေးပါ။

(၂) လျှာကိုပါ တိုက်ပါ

လျှာမှာ အညစ်အကြေးတွေ စုပုံကပ်ငြိနေတာကြောင့် သွားအရောင်ကို ပြောင်းလဲစေနိုင်ပါတယ်။ သွားတွေ ဖြူစင်စေချင်ရင် လျှာကိုပါ တိုက်ပေးပါ။

(၃) ရှလကာရည် သုံးပါ

ရှလကာရည်ဟာ သွားတွေအတွက် အသွားနှစ်ဖက်ပါတဲ့ ဓားလိုပါပဲ။ အက်ဆစ်ဂုဏ်သတ္တိရှိတာကြောင့် သွားကြွေလွှာကို ထိခိုက်စေပေမယ့်ခံတွင်းကို ရှလကာရည်နဲ့ ပလုတ်ကျင်းပေးပြီး ပုံမှန်သွားတိုက်ပေးရင် သွားနဲ့ခံတွင်း ကျန်းမာသန့်စင်စေပါတယ်။ တစ်လတစ်ကြိမ် ပုံမှန်လုပ်ပေးပါ။

(၄) ပန်းသီး၊ တရုတ်နံနံနှင့် ပန်းဂေါ်ဖီပွင့် စားပါ

ပန်းသီးကိုက်စားတာကြောင့် သွားတွေကိုဖြူစင်စေတဲ့ အရောင်ချွတ်ဆေးသဖွယ် အသုံးဝင်ပါတယ်။ မုန်လာဥနီ၊ တရုတ်နံနံနဲ့ ပန်းဂေါ်ဖီပွင့်တွေစားရင်လည်း သွားတွေကို ညင်ညင်သာသာ ပွတ်တိုက်ပေးသလို ဖြူစင်စေပါတယ်။

(၅) ချဉ်သောသစ်သီးများ စားပြီးပြီးချင်း ရေသောက်ပါ

ချဉ်တဲ့သစ်သီးတွေမှာ အက်ဆစ်ဓာတ်ပါဝင်တာကြောင့် စားပြီးတာနဲ့ ရေကိုချက်ချင်း သောက်လိုက်ပါ။ သွားတွေကို ဖြူစင်သွားစေပါတယ်။

(Ref;ID)

Most Popular

Healthy Life Ad
To Top