Healthy Life Ad
Q & A

သွားနုတ်တာ၊ သွားအကြောထုတ်တာ၊ သွားကျောက်ခြစ်တာတွေကြောင့် နောက်ဆက်တွဲဆိုးကျိုး မရချင် . .

မေး. သွားနုတ်တာ၊ သွားအကြောထုတ်တာ၊ သွားကျောက်ခြစ်တာတွေက အခန့်မသင့်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာတတ်ပါသလား။

ဦးသန့်ဇင်၊ ကျောက်တံတား။

ပါမောက္ခဦးကိုကိုမောင် မေးရိုးနှင့် ခံတွင်းခွဲစိတ်ကု ဆရာဝန်ကြီးမှ ဖြေကြားပေးပါသည်။

ဖြေ. သွားနုတ်တယ်၊ သွားအကြောထုတ်တယ်၊ သွားကျောက်ခြစ်တယ် . . ဒါတွေလုပ်တဲ့အခါ ကုသမှုကို အစအဆုံး ပြီးစီးအောင် လုပ်နိုင်တယ်ဆိုရင် ဘာမှဖြစ်စရာ အကြောင်းမရှိပါဘူး၊ ကုသပေးတဲ့ သွားဆရာဝန်ကလည်း ကျွမ်းကျင်တယ်၊ တော်တယ်ဆိုရင် များသောအားဖြင့် ဘာမှပြဿနာမရှိပါဘူး။ ဒါပေမဲ့ ကုသမှုတွေကို ပြီးစီးအောင်မလုပ်ဘူး၊ ကုသမှုပေးတဲ့ ဆရာဝန်ကလည်း မတော်ဘူးဆိုရင် နောက်ဆက်တွဲ ပြဿနာလေးတွေ၊ နောက်ဆက်တွဲ ဆိုးကျိုးလေးတွေ ရှိတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top