Healthy Life Ad
Local

သားအိမ်ခေါင်းကင်ဆာ ရှိသူတို့အား အေးခဲကုထုံးဖြင့် ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းက ချက်ချင်းကုသ

ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း၏ အခမဲ့ ကျန်းမာရေး စစ်ဆေးမှုကို ၆-၁၂-၂၀၁၅ ရက်နေ့က တောင်ငူမြို့ရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်း ခန်းမတွင် ပြုလုပ်ခဲ့ရာ သားအိမ်ခေါင်း ကင်ဆာ အစပျိုး တွေ့ရှိသူများကို အေးခဲကုထုံး ( Cryotherapy )ဖြင့် ချက်ချင်းကုသမှု ပေးခဲ့ကြောင်း အဆိုပါဖောင်ဒေးရှင်း၏ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောကြားခဲ့သည်။

“အမျိုးသမီး ၄၆ ယောက် စစ်ဆေးရာမှာ ၁၀ ယောက်က သားအိမ်ခေါင်းကင်ဆာ အစောပိုင်း အစပျိုးအဆင့် ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဒေါ်ရင်ရင်ဇော်က Cryotherapy (အေးခဲ ကုထုံး)နဲ့ ချက်ချင်း ကုသပေးခဲ့တာပဲ ဖြစ်ပါတယ်။ စစ်ဆေးလိုက်တဲ့အခါ သားအိမ်ခေါင်းကင်ဆာ ဆဲလ် တွေ့တာနဲ့ ချက်ချင်းကုသမှု ပေးခဲ့တာပါ။ ဒီအေးခဲကုထုံးနဲ့ ချက်ချင်းကုလိုက်တော့ ကင်ဆာဆဲလ်တွေက အေးခဲပြီးသေသွားပါတယ်။ ပြီးတော့ လူနာတွေအတွက် လိုအပ်တဲ့ ဆေးဝါးတွေကိုပါ တစ်ပါတည်း ညွှန်ကြားပြီး ပေးအပ်ခဲ့ပါတယ်”ဟု ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောကြားခဲ့သည်။

Acetic Acid အသုံးပြုပြီး သားအိမ်ခေါင်းကို ကြည့်ရှူစစ်ဆေးရာတွင် သားအိမ်ခေါင်းကင်ဆာ ဆဲလ် အစောပိုင်း အစပျိုးအဆင့် တွေ့ရှိရသူ လူနာများကို အေးခဲ ကုထုံးဖြင့် ကုသမှု ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
c2
သားအိမ်ခေါင်းကင်ဆာ ဆဲလ် အစပျိုးအဆင့်ကို တွေ့ရှိပါက အေးခဲကုထုံး( Cryotherapy ) သုံးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အကြံပြုထားပြီး ဖြစ်သည်။

အဆိုပါ အခမဲ့ ဆေးကုသမှု အစီအစဉ်တွင် ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းက ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ခံတွင်းကင်ဆာ အစရှိသည့် ကင်ဆာတို့အတွက် ကြိုတင်စစ်ဆေးမှုများ အပြင် ကူးစက်မဟုတ်သော ရောဂါများ (ဥပမာ-သွေးတိုးရောဂါ၊ ဆီးချိုရောဂါ) တို့ကို ကြိုတင်စမ်းသပ် စစ်ဆေးပြီး သင့်တော်သည့် ကုသမှုများပေးခဲ့ကြောင်း သိရသည်။

Most Popular

Healthy Life Ad
To Top