Healthy Life Ad
Health Tips

သွားချေးဖတ်ကို သဘာဝနည်းဖြင့် ဖယ်ရှားနည်းသုံးသွယ်

၊ စူး(ဆေးဝါးတက္ကသိုလ်) ၊

သွားတွေပေါ်မှာ ဘက်တီးရီးယား အလွှာတွေ ကပ်ငြိနေတဲ့အခါ သွားချေးဖတ် ဖြစ်လာပါတယ်။ အထူးသဖြင့် သကြားပါတဲ့ မုန့်ပဲသရေစာတွေကို များများစား လေ့ရှိတယ်ဆိုရင် သွားချေးဖတ် ဖြစ်နှုန်း များတတ်ပါတယ်။ သွားချေးဖတ်တွေ ထူထဲလာရင် သွားပိုးစားတာနဲ့ သွားဖုံးရောဂါတို့လို ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။

နည်းလမ်း (၁) ပလုတ်ကျင်းခြင်း
ဘာစားစား၊ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးတာကြောင့် သွားမျက်နှာပြင်ပေါ်က သွားချေးဖတ်တွေကို ကင်းစင်စေပါတယ်။

နည်းလမ်း (၂) ရှလကာရည်
သင့်သွားတွေပေါ်မှာ ကြာနေပြီဖြစ်တဲ့ သွားချေးဖတ်တွေ ကင်းစင်စေဖို့ဆိုရင် ရှလကာရည်ကို အသုံးပြုဖို့လိုပါတယ်။ ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်းကို ငုံပြီး ပလုတ်ကျင်းကာ ထွေးထုတ်လိုက်ပါ။

နည်းလမ်း (၃) ဆော်ဒါမှုန့်
သွားချေးဖတ်တွေ ကင်းစင်စေဖို့ ဆော်ဒါမှုန့်ကို အသုံးပြုပြီး သွားတိုက်ရမှာပါ။ သွားတိုက်တံကို ရေဆွတ်ပြီး ဆော်ဒါမှုန့် အနည်းငယ် ဆွတ်ကာ သွားတွေပေါ်ကို ညင်ညင်သာသာ တိုက်ပေးပါ။

(Ref; HD)

Most Popular

Healthy Life Ad
To Top