Healthy Life Ad
Health Tips

ရင်သားတွဲကျစေသည့် လွဲမှားနေသော အပြုအမူများ

၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊

အသက်ကြီးတယ်ဆိုတာ ဘဝရဲ့အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့တွေ အသက်ကြီးမလာအောင် ရပ်တန့်ထားလို့မရပေမယ့် အသက်ကြီးလာပါစေ၊ အိုမင်းမှုမရှိအောင် ထိန်းထားနိုင်ပါတယ်။ အမျိုးသမီးတွေမှာ အိုမင်းလာရင် ဖြစ်တတ်တဲ့အရာတစ်ခုက ရင်သားတွဲကျတာပဲဖြစ်ပါတယ်။ အမျိုးသမီးတွေ အသက်ကြီးလာတဲ့အခါ အီစထရိုဂျင်ဟော်မုန်းအဆင့် လျော့ကျပြီး ကော်လာဂျင်ထုတ်လုပ်မှု. လျော့နည်းသွားတာကြောင့် ရင်သားတင်းအားနဲ့ ဆွဲဆန့်နိုင်စွမ်းအား သိသိသာသာ ကျသွားပါတော့တယ်။ တစ်ခါတလေမှာ အိုမင်းတဲ့ဖြစ်စဉ်ထက် အပြုအမူနဲ့ နေထိုင်စားသောက်မှုပုံစံတွေကြောင့် ရင်သားတွဲကျမှု ပိုဖြစ်တတ်တဲ့အတွက် အဲဒီအချက်တွေကို ဆင်ခြင်ဖို့အရေးကြီးပါ တယ်။

(၁) အံဝင်ခွင်ကျမရှိသည့် ဘရာစီယာဝတ်ခြင်း
ကိုယ့်ရင်သားနဲ့ မသင့်တော်တဲ့ ဘရာစီယာကိုဝတ်ဆင်တာက ရင်သားတွဲကျစေတဲ့ အဓိကအကြောင်းရင်းတစ်ရပ်ပါ။ အံဝင်ခွင်ကျမရှိတဲ့ ဘရာစီယာဟာ ရင်သားအရေပြားနဲ့ ကော်လာဂျင်အပေါ် ဖိအားသက်ရောက်စေပါတယ်။ ဒါကြောင့် အားကစားလုပ်မယ်ဆိုရင် သင့်ရင်သားနဲ့ အံဝင်ခွင်ကျရှိတဲ့ ဘရာစီယာကို ဝတ်ဆင်သင့်ပါတယ်။

(၂) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာကြောင့် ရင်သားရှိ အီလက်စတင်တွေ ပြိုကွဲသွားစေကြောင်း ရှစ်နှစ်ကြာလေ့လာမှုအရ သိရပါတယ်။ အီလက်စတင်က ရင်သားကိုတင်းရင်းလှပစေပါတယ်။ ဆေးလိပ်သောက်တာကြောင့် ရင်သားအပါအဝင် တစ်ကိုယ် လုံးအရေပြားတွေဆီ သွေးထောက်ပံ့မှုလျော့နည်းပြီး အရေပြားလျော့တွဲကာ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်မသောက်တာ အကောင်းဆုံးပါ။ ခုနစ်နှစ်ကြာလေ့လာလိုက်တဲ့အခါ ဆေးလိပ်မသောက်တာကြောင့် ရင်သားကို သိသိသာသာ တင်းရင်းလှပစေတယ်လို့ နက်ဖီးလ်ယူနိုက်တက်ကင်းဒမ်းမှ ဆေးပညာရှင်ကဆိုပါတယ်။

(၃) နေကာခရင်မ် မလိမ်းခြင်း
နေရောင်ခြည်ဒဏ်နဲ့ အလွန်အမင်းထိတွေ့တာကြောင့် အရေပြားဟာ အချိန်မတိုင်ခင် အရေးကြောင်းထင်တာနဲ့ တွဲကျတာတွေ ဖြစ်စေနိုင်ပါတယ်။

(၄) ကိုယ်အလေးချိန် အတက်အကျမြန်ခြင်း
ရင်သားဆိုတာ အဓိကအားဖြင့် အဆီတွေနဲ့ဖွဲ့စည်းထားတာကြောင့် ကိုယ်အလေးချိန် သိသိသာသာပြောင်းလဲသွားတာနဲ့ ရင်သားမှာ ထိခိုက်မှုဖြစ်တတ်ပါတယ်။ ရင်သားအဆီလွှာကို ဖုံးအုပ်ထားတဲ့အရေပြားဟာ အချိန်ကြာလာတာနဲ့အမျှ ဆွဲဆန့်နိုင်စွမ်း လျော့ကျသွားပြီး လျော့တွဲသွားတတ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားရပါမယ်။

(၅) ရေဓာတ်ခမ်းခြောက်ခြင်း
ရင်သားအရေပြားဟာ အစိုဓာတ်လိုအပ်ပါတယ်။ အစိုဓာတ်ကိုထိန်းထားနိုင်ဖို့ ရေများများသောက်ပေးရင် ရင်သားအရေပြားက ကျန်းမာနုပျိုတင်းရင်းနေမှာပါ။ ရေအလုံအလောက် မသောက်တာကြောင့် ရင်သားအရေပြားရဲ့ ဆွဲဆန့်နိုင်စွမ်းနဲ့ ချောမွေ့တင်းရင်းမှု လျော့ကျသွားပါလိမ့်မယ်။

(၆) မှောက်လျက် အိပ်ခြင်း
မှောက်အိပ်ရင် ရင်သားကို ထိခိုက်စေနိုင်ပါ တယ်။ ရင်သားတွဲကျမှု့မဖြစ်စေဖို့ အိပ်စက်သင့်တဲ့အကောင်းဆုံးနည်းက ပက်လက်လှန်အိပ်တာပဲ ဖြစ်ပါတယ်။ ဒါဆိုရင် အက်ဆစ်ဆန်တက်ပြီး ခံစားရတဲ့ရင်ပူဝေဒနာကို သက်သာစေမှာဖြစ်သလို အိပ်စက်နေချိန်မှာ ရင်သားကို ထောက်ပံ့ပေးနိုင်မှာပါ။

(၇) လေ့ကျင့်ခန်းလုပ်ရန် ပျင်းရိလွန်းနေခြင်း
ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့အညီထိန်းပေးနိုင်ဖို့ အစားအသောက်က အရေးပါသလို လေ့ကျင့်ခန်းကိုလည်း ပုံမှန်လုပ်ပေးရပါမယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာနဲ့ အလေးမတဲ့လေ့ကျင့်ခန်းလုပ်တာကြောင့် ရင်သားတွေကို ထောက်ပံ့ပေးနိုင်တဲ့ ကြွက်သား (Pectoralis)တွေကို သန်စွမ်းတင်းရင်းစေပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top