Healthy Life Ad
Health Tips

ဆားဝက်ခြံ အလွယ်ဖယ်နည်း

ဆားဝက်ခြံတွေက ကျွန်မတို့အမျိုးသမီးတွေရဲ့ အလှကိုထိခိုက်စေတာကြောင့် သင့်အိမ်မှာ အလွယ်တကူရရှိနိုင်တဲ့ သဘာဝအပင်ထွက်ပစ္စည်းတွေနဲ့ ဖယ်ရှားနည်းတွေကို အကြံပြုလိုက်ပါတယ်။

– ခရမ်းချဉ်သီး
ခရမ်းချဉ်သီးတစ်လုံးကို ကြိတ်ချေပြီး အိပ်ရာမဝင်ခင် ဆားဝက်ခြံပေါက်တဲ့ နေရာပေါ်မှာ သုတ်လိမ်းပေးပါ။ တစ်ညလုံးထားပြီး မနက်မိုးလင်းတဲ့အခါ မျက်နှာကို ရေနဲ့ဆေးကြောလိုက်ရမှာဖြစ်ပါတယ်။

– သံပယိုသီး
ပန်းကန်လုံးတစ်လုံးထဲ သံပယိုရည်အစက် အနည်းငယ်ညှစ်ထည့်ပြီး ဆားနည်းနည်းထည့်ကာ သမအောင်မွှေပါ။ ပြီးရင် ဆားဝက်ခြံပေါက်တဲ့နေရာမှာ သုတ်လိမ်းပြီး မိနစ်၂၀ကြာထားပါ။ ပြီးမှ ကြက်သီးနွေးရေနဲ့ ဆေးကြောလိုက်ပါ။

*မှတ်ချက်*
သင့်အနေနဲ့ ပျားရည်၊ ဒိန်ချဉ်၊ ကြက်ဥအကာနဲ့ သစ်ကြံပိုးခေါက်တို့ကိုလည်း စမ်းသုံးကြည့်နိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top