Healthy Life Ad
Health Tips

အိမ်မွေးတိရစ္ဆာန်တစ်ကောင် မွေးတော့မည်ဆိုလျှင်

ငွေကြယ်စင်ယံ

သင့်အိမ်မှာ အိမ်မွေးတိရစ္ဆာန်တစ်ကောင် စတင်မွေးဖို့ပြင်ဆင်နေပြီလား။ ဒါဆိုရင် တိရစ္ဆာန်ဆိုတာ အကောင်းဆုံးမိတ်ဆွေပါဆိုတဲ့ လူမှုကွန်ယက်ကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်တွေကို တစ်ချက်လောက် လေ့လာကြည့်သင့်ပါတယ်။

-သင့်အိမ်မွေးတိရစ္ဆာန် အိပ်စက်ဖို့၊ ခရီးသွားတဲ့အခါ ခေါ်ဆောင်သွားဖို့နဲ့ နေထိုင်နိုင်ဖို့ ဟထားတဲ့ ပျဉ်သေတ္တာပုံးတစ်ခုရှိပါစေ။

-သင့်တော်မယ့် တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးကို ရွေးချယ်ထားပါ။ အဲဒီလို ရွေးချယ်တဲ့အခါ အိမ်မွေးတိရစ္ဆာန်မွေးထားတဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ အကြံဉာဏ်တောင်းပါ။

-သင်မွေးမယ့် အိမ်မွေးတိရစ္ဆာန်အတွက် သင့်တော်တဲ့ မစင်စွန့်ခွက်ကိုဝယ်ယူပါ။ အထူးသဖြင့် ကြောင်မွေးမယ်ဆိုရင် မစင်စွန့်ခွက်ကို ဘယ်နေရာမှာ ထားတယ်ဆိုတာ သိအောင်ပြပါ။

-အိမ်မွေးတိရစ္ဆာန်ကို အိမ်ခေါ်လာတဲ့အခါ အိမ်သူအိမ်သားတွေနဲ့ ရင်းနှီးအောင် မိတ်ဆက်ပေးပါ။ အမည်ပေးပါ။ သူ့အမည်နဲ့ ရင်းနှီးအောင် အသံပြုပေးပါ။

-သင့်အိမ်မှာ ကလေးငယ်နဲ့ တခြားအိမ်မွေးတိရစ္ဆာန်တွေ မွေးထားတယ်ဆိုရင် အိမ်မွေးတိရစ္ဆာန်အသစ်နဲ့ ရင်းနှီးမှုမရှိသေးခင် သေချာစောင့်ကြည့်ပေးပါ။

Most Popular

Healthy Life Ad
To Top