Healthy Life Ad
Life Style

ကျော်ကြားသူတို့၏ ကျန်းမာလှပလူမှုဘဝ ပိုင်ဖြိုးသု

တစ်နေ့တာ အသားရေထိန်းသိမ်းမှုပုံစံ . . .

အဖုအပိမ့်ထွက်လွယ်တဲ့ အသားအရေဖြစ်လို့ သဘာဝကုထုံးတွေကိုအဓိကသုံးဖြစ်တယ် . . .
ညီမက Facial Formနဲ့ သစ်တယ်။ ပြီးတော့ Moisturizerထပ်လိမ်းတယ်၊ Estelauderကထုတ်တဲ့ Lotionလိမ်းပါတယ်။ ညဘက်ဆိုရင်တော့ Estelauderကထုတ်တဲ့ Night Lotionလိမ်းပါတယ်။

အသားအရေအတွက် ပိုင်ဖြိုးသုလုပ်နေကျ အိမ်တွင်းကုထုံး

ညီမကဆားဝက်ခြံအရမ်းထွက်တော့ ဆားဝက်ခြံသက်သာစေဖို့သုံးတဲ့ သဘာဝအိမ်တွင်းကုထုံးရှိပါတယ်၊ အဲဒါကတော့ သံပရာသီးတစ်လုံးကို ဘူးသေးသေးလေးထဲမှာညှစ်ပြီး ထည့်ထားရတယ်။ ပြီးတော့ ရှားစောင်းလက်ပက်နဲ့ရောပြီး မျက်နှာပေါ်ကိုနာရီဝက်လောက်လိမ်းထားဖြစ်တယ်။ အသားရေထိန်းသိမ်းတဲ့နေရာမှာ အစားအသောက်နဲ့လည်းထိန်းဖြစ်တယ်။ ဥပမာ- ရေများများသောက်တယ်၊ အသားအရေအတွက်အထောက်အကူပြုတဲ့ အသီးအနှံများများစားတယ်။ အိပ်ရေးဝအောင်လည်း အိပ်ပါတယ်…..

ဇာတ်ဝင်ခန်းမှာ ငိုရတာများပြီး ခေါင်းကိုက်ဖူး . . .

ရှုတင်မှာအလှအပနဲ့ပတ်သက်ပြီး ဘာပြဿနာမှသိပ်မရှိပါဘူး။ ကျန်းမာရေးအနေနဲ့ကတော့ တစ်ခါတလေ တစ်နေကုန်ငိုရတဲ့အခန်းတွေများလာရင်၊ နေကလည်းအရမ်းပူတာမျိုးဆိုရင် ခေါင်းအရမ်းကိုက်တတ်တယ်၊ ပြီးတော့ညီမက အစာအိမ်ရောဂါရှိတော့ အစားအသောက်ကိုပုံမှန်ဖြစ်အောင်ဂရုစိုက်ရတယ်၊ အဲဒီလိုအခက်အခဲလေးတွေဖြစ်တတ်လို့ ညီမကရှုတင်သွားရင် ကျန်းမာရေးနဲ့ပတ်သက်ပြီး အခက်ခဲလေးတွေဖြစ်လာခဲ့ရင်ဖြေရှင်းလို့ရအောင် အိမ်ကနေဆေးဝါးအပြည့်အစုံယူသွားဖြစ်ပါတယ်.။

မိတ်ကပ်ကို မိတ်ကပ်ဆရာနဲ့ ပြင်တာများ . . .

ညီမကမိတ်ကပ်ကို ကိုယ်တိုင်သိပ်မပြင်ဖြစ်ပါဘူး။ မိတ်ကပ်ဆရာနဲ့ ပြင်တာများတယ်။ ကိုယ်တိုင် မိတ်ကပ်လိမ်းဖြစ်တဲ့အချိန်က ဥပမာ သူငယ်ချင်းတွေနဲ့အပြင်သွားရတာမျိုး၊ Dinnerပွဲတွေ သွားတာမျိုးတွေမှာ ပေါ့ပေါ့ပါးပါး ပုံစံလေးပဲပြင်ဖြစ်တယ်. . .

နှုတ်ခမ်းကို အဓိကပြင်ဆင်ဖြစ် . . .

ညီမကမိတ်ကပ်ကို ကိုယ်တိုင်ပြင်တဲ့အခါ Skin Care ပစ္စည်းတွေကို သေချာလိမ်းတယ်။ ပြီးရင်Two Way မိတ်ကပ်လိမ်းတယ်။ မျက်တောင်ကော့တယ်။ နှုတ်ခမ်းနီဆိုးတယ်. . အဲ့လောက်ပါပဲ မျက်နှာရဲ့ ဘယ်အစိတ်အပိုင်းကို ပြင်ရတာ အားသာလဲဆိုရင်တော့ နှုတ်ခမ်းနီကိုပဲ ပိုပြီး ဂရုတစိုက်ဆိုးဖြစ်ပါတယ်…

ပိုင်ဖြိုးသု သုံးနေကျ မိတ်ကပ် . . .

ညီမက မိတ်ကပ်နှစ်မျိုး သုံးဖြစ်တယ်။ MAC နဲ့ Clinique သုံးဖြစ်တယ်၊ MACကိုကျတော့ အရောင်ရင့်ရင့်လေးတွေ ဝယ်သုံးဖြစ်ပါတယ်။

အိပ်ရေးမဝရင် အဖုအပိမ့်ပေါက်တတ် . . .

ညီမက အိပ်ရေးမဝရင်၊ အိပ်ရေးပျက်ရင် မျက်နှာမှာ အဖုအပိမ့်တွေ ပေါက်တတ်တယ်၊ အဖုအပိမ့်လေးတွေ စပေါက်လာတာနဲ့ သံပရာသီးနဲ့ ရှားစောင်းလက်ပက်ရောပြီး လိမ်းဖြစ်တယ်။ အိပ်ရေးဝအောင် ပြန်အိပ်လိုက်တယ်။

ပိုင်ဖြိုးသုရဲ့ အားလပ်ချိန် . . .

ညီမက အားလပ်ချိန်ကို အခွေကြည့်တယ်။ စာအုပ်ဖတ်တယ်။ တစ်ခါတလေ သူငယ်ချင်းတွေနဲ့ အပြင်သွားဖြစ်ပါတယ်။

ဆရာဝန်ဖြစ်လို့ ကျန်းမာရေးဗဟုသုတ အမြဲရှာမှီးလေ့လာ . .

ညီမကိုယ်တိုင်က ဆရာဝန်ဖြစ်တဲ့အတွက် ကျန်းမာရေး ဗဟုသုတကတော့ အမြဲလေ့လာဖြစ်တယ်၊ ပြီးတော့ အလှအပနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ သဘာဝကုထုံးလေးတွေ လေ့လာတယ်၊ လုပ်ကြည့်ဖြစ်တယ်၊ ပြီးတော့ ညီမက အဖုအပိမ့်ထွက်လွယ်တဲ့ မျက်နှာဆိုတော့ မိတ်ကပ်အရမ်းရွေးရတယ်၊ ကိုယ်နဲ့မတည့်တဲ့ မိတ်ကပ်ကို ဂရုစိုက်ပြီးရှောင်ရတယ်၊ ဒါကြောင့်ညီမက အလှအပအတွက် သဘာဝကုထုံးလေးတွေကိုပဲ လေ့လာပြီး လုပ်ဖြစ်ပါတယ်။

ကိုယ်ကောင်းရင်ခေါင်းဘယ်မှမရွေ့

ညီမကကံကောင်းတယ်ပဲ ပြောရမလားမသိဘူး၊ အခုချိန်ထိ ကောလာဟလသတင်း မကြားရသေးဘူး။ ညီမနား ထဲပဲ မရောက်တာလား မသိဘူး။ တကယ်လို့ ကောလဟလ ကြုံခဲ့ရင်လည်း ကိုယ်ဝါသနာပါတဲ့ အနုပညာအလုပ်ကိုပဲ ဆက်လုပ်သွားမှာပါ၊ မြန်မာစကားပုံအတိုင်းပဲ ကိုယ်ကောင်းရင်ခေါင်း ဘယ်မှမရွေ့ပါဘူး။ ကြာတော့လည်း မကောင်းတဲ့ ကောလာဟလ သတင်းတွေက သူ့အလိုလိုပျောက်သွားမှာပါ . .

စိတ်ဖိစီးမှုဖြစ်လာရင် အမေကိုရင်ဖွင့်

စိတ်ဖိစီးမှုတွေ ဖြစ်လာခဲ့ရင်ညီမက အမေနဲ့စကားပြောတယ်။ တစ်ခါတလေ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပြီး မုန့်စားတယ်။ ရုပ်ရှင်ကြည့်ဖြစ်တယ်။

ပိုင်ဖြိုးသုလုပ်နေကျ အားကစား

ညီမက အားကစားနဲ့ပတ်သက်ပြီး အရင်ကတော့ ရေကူးတယ်၊ အခုနောက်ပိုင်း ရေကူးအားကစား မလုပ်ဖြစ်တော့ဘူး၊ အိမ်မှာပဲ ကိုယ်လက်လှုပ်ရှားမှုအနေနဲ့ လမ်းလျှောက်တာနဲ့ ပြေးတာတို့လောက်ပဲ လုပ်ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top