Healthy Life Ad
Life Style

ကျော်ကြားသူတို့၏ ကျန်းမာ၊ လှပ၊ လူမှုဘဝ

အဆိုတော် ချမ်းချမ်း နဲ့တွေ့ဆုံခြင်း

တစ်နေ့တာ အသားအရေ ထိန်းသိမ်းမှုပုံစံ

အမရဲ့ တစ်နေ့တာ အသားအရေ ထိန်းသိမ်းမှုပုံစံက Lotion ကို ပုံမှန်လိမ်းတယ်။ တစ်ခါတလေ ရေချိုးခါနီး Scrub(ကြေးချွတ်)လုပ်ဖြစ်ပါတယ်။ ပြီးတော့ တစ်လတစ်ကြိမ် Hello Beauty Spaမှာ ပေါင်းသွားတင်ဖြစ်ပါ တယ်။

အသားအရေအတွက် လုပ်နေကြ အိမ်တွင်းကုထုံး

အမက သဘာဝနည်းနဲ့ဆိုရင် ဒိန်ချဉ်နဲ့ ပေါင်းတင်ဖြစ်တယ်။ ပြီးတော့ပင်လယ်ဆား၊ ပျားရည်နဲ့ သံလွင်ဆီပေါင်း ပြီး အသားအရေလှပအောင် ပေါင်းတင်ဖြစ်ပါတယ်။

အိပ်ရေးပျက်ပြီး ရှူတင်မှာ အလှအပပြဿနာကြုံဖူး

အိပ်ရေးပျက်တဲ့အခါ ဗီစီဒီပဲ ရိုက်ရိုက်၊ ကြော်ငြာပဲရိုက်ရိုက် အသားအရေက အဆင်မပြေဖြစ်တယ်။ မိတ်ကပ် လိမ်းထားပေမယ့် မီးထိုးတဲ့အခါ မျက်နှာက နီလာတယ်။ မျက်သားတွေကပါ နီလာတော့ မျက်နှာနဲ့ ပတ်သက် တဲ့ အလှအပပြဿနာ အခက်အခဲလေးတွေ ကြုံရပါတယ်။ပြီးတော့ သီချင်းဆိုတဲ့အခါ ရေခဲရေ မသောက်မိ အောင် သတိထားရပါတယ်။ ရေခဲရေသောက်ခဲ့မိရင် သီချင်းဆိုနေတဲ့အချိန်မှာ အသံဝင်သလို ဖြစ်လာတယ်။ အဲဒီလို အခက်အခဲ ပြဿနာတွေ ရှိပါတယ်။

မိတ်ကပ်ကို ကိုယ်တိုင်ပြင်တာများ

အမက မိတ်ကပ်ကို ကိုယ်တိုင်ပြင်ဖြစ်တာများတယ်။ မိတ်ကပ် ဆရာနဲ့ ပြင်တာက နည်းတယ်။ ဥပမာ မျက်နှာဖုံးပုံတွေ၊ အလှပုံတွေ၊ ကြော်ငြာတွေရိုက်ဖြစ်မှ မိတ်ကပ်ဆရာနဲ့ ပြင်တာများပါတယ်။

မျက်ဝန်းကို ပြင်ရတာ အကြိုက်ဆုံး

အမက မိတ်ကပ်ကို ကိုယ့်ဘာသာ ပြင်ဖြစ်တဲ့အခါ မျက်ဝန်းကို အဓိကထားပြီး ပြင်တယ်။ ဘယ်အချိန်တွေ ပြင်လဲဆိုတော့ ဥပမာ ညစာစားပွဲတွေ၊ မိသားစုနဲ့ အပြင် မုန့်သွားစားတဲ့အခါတွေနဲ့ အလုပ်ကိစ္စနဲ့ အပြင်သွားတဲ့ အချိန်မျိုးတွေမှာ ပြင်ဖြစ်ပါတယ်။

ကောလဟလကြောင့် လက်မလျှော့ဘဲ ဝါသနာပါတဲ့အလုပ်ကို အကောင်းဆုံး ဖြစ်အောင် လုပ်သွားမယ် . .

ချမ်းချမ်းသုံးနေကြ မိတ်ကပ် Brand

မိတ်ကပ်နှစ်မျိုး သုံးဖြစ်တယ်။ O’Lay မိတ်ကပ်ရယ်၊တစ်ခြားတစ်မျိုးရယ် သုံးဖြစ်တယ်။ O’Lay မိတ်ကပ် ကိုတော့ ပေါ့ပေါ့ပါးပါး ဖြစ်တဲ့နေရာမှာ သုံးဖြစ်တယ်။ တစ်ခြားတစ်မျိုးကိုကျတော့ မျက်နှာဖုံးပုံတွေရိုက်တဲ့ အခါမှာ အသုံးများပါတယ်။

နယ်ရှိုးပွဲတွေသွားရင် အဖုအပိမ့်ပေါက်တတ်

မျက်နှာမှာ အဖုအပိမ့်တွေ ပေါက်တတ်ပါတယ်။ အဓိကက နယ်ရှိုးပွဲတွေသွားရင် ပေါက်တတ်ပါတယ်။ ရာသီဥ တု အပြောင်းအလဲကြောင့်ရယ်၊ ရေကြောင့်ရယ် ပေါက်တာပါ။ အဲဒီလို ပေါက်လာရင် အမ ဘာဆေးမှ မသုံးဘူး။ နယ်တွေသွားမှ ပေါက်တာဆိုတော့ ရန်ကုန်ပြန်ရောက်ရင် ပေါင်းတင်တယ်၊ Scrubလုပ်ဖြစ်ပါတယ်။

အားလပ်ချိန်မှာ ချမ်းချမ်း လုပ်ဖြစ်တာတွေက . .

အမက အားလပ်ချိန်ဆိုရင် သီချင်းရေးတယ်၊ သမီးလေးကို အချိန်ပေးတယ်၊ တစ်ခါတလေ မိသားစုလိုက် အပြင်မှာ မုန့်သွားစားဖြစ်ပါတယ်။

စိတ်ဖိစီးမှု ဖြေဖျောက်နည်း

စိတ်ဖိစီးမှုတွေ ဖြစ်လာရင် များသောအားဖြင့် အမ အမျိုးသားနဲ့ တိုင်ပင်တယ်။ စကားတွေ ပြောတယ်။ သူ့ဆီက အကြံဉာဏ်တွေယူတယ်။ တစ်ခါတလေ ပုတီးစိပ်တယ်၊ ရုပ်ရှင်ကြည့်တယ် အဲဒီလောက်ပဲ လုပ်ဖြစ်တယ်။

ကောလဟလထွက်လာရင် အနုပညာ ဆက်မလုပ်ချင်တဲ့အထိ စိတ်ညစ်ဖူးလား

အနုပညာအလုပ်ရယ်မှ မဟုတ်ပါဘူး။ ဘယ်အလုပ်မဆို ကောလဟလထွက်တာ၊ မကောင်းတာ၊ ကောင်းတာ ရှိကြတာပါပဲ။ အဲဒီလိုမျိုး ရှိလာတဲ့အခါ အဓိက အမဆက်မလုပ်ချင်တော့တဲ့ အထိတော့ မဖြစ်ဖူးဘူး။ အမဝါသ နာပါတဲ့ အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်လို့ပဲ အားတင်းထားပါတယ်၊ ကြိုးစားနေပါတယ်။

ချမ်းချမ်း လုပ်နေကြ အားကစား

အမက အားကစားအနေနဲ့ ပြေးတယ်၊ လမ်းလျှောက်တယ်၊ အေရိုးဗစ်လေ့ကျင့်ခန်းလုပ်ဖြစ်တယ်၊ တစ်ခါတလေ ယောဂကျင့်တယ်။

ကျန်းမာရေးဗဟုသုတ အမြဲလေ့လာ

အမက စာအုပ်တွေဖတ်တယ်၊ တစ်ခါတလေ အပြင်က ဗဟုသုတတွေရှာတယ်၊ ကိုယ့်အစ်ကို၊ အစ်မတွေဆီမှာ ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်တွေ မေးတတ်ပါတယ်။

ပရိသတ်ကို ချမ်းချမ်းပေးချင်တဲ့ ကျန်းမာရေး အကြံဉာဏ်

အခုရာသီဥတုက ပူလိုက်၊ အေးလိုက်ဆိုတော့ ရာသီဥတုမမှန်ဘူး။ အဲဒါကြောင့် အဲကွန်းခန်းထဲမှာ အကြာကြီး ထိုင်ပြီး အပြင်ကို ချက်ချင်းထွက်တာကို ဆင်ခြင်သင့်ပါတယ်။ ပြီးတော့ ရေခဲရေသောက်တာက ဒီရာသီဥတုနဲ့ လုံးဝ မကိုက်ညီပါဘူးလို့ အကြံဉာဏ်ပေးချင်ပါတယ်။

Most Popular

Healthy Life Ad
To Top