Healthy Life Ad
International

မိတ်ကပ်နဲ့ ဓာတ်မတည့်ရာက ဖက်ရှင်ရှိုးလျှောက်ခွင့် လွဲချော်ခဲ့ရတဲ့ စူပါမော်ဒယ်

စူး (ဆေးဝါးတက္ကသိုလ်)

ပဲရစ်ဖက်ရှင်ရှိုးပွဲတွေမှာ ရေပန်းစားပြီး ကျော်ကြားတဲ့ ၁၆ နှစ်အရွယ် မော်ဒယ်လင်ဆေးဝစ်ဇန် ဟာ ပြီးခဲ့တဲ့ ပဲရစ်ဖက်ရှင် နောက်ဆုံးရက်တစ်ခုမှာ မိတ်ကပ်နဲ့ ဓာတ်မတည့်မှုကြောင့် ဖက်ရှင်ရှိုးတစ်ခုမှာ ပါဝင်ဆင်နွှဲခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။”အရင်တုန်းက မိတ်ကပ်နဲ့ ဆိုးဆိုးရွားရွား ဓာတ်မတည့်တာမျိုး တစ်ခါမှ မဖြစ်ဖူးပါဘူး။ သူများတွေဖြစ်တာပဲ ကြားဖူး၊ မြင်ဖူးခဲ့တာ၊ သူငယ်ချင်းတစ်ယောက်က သူ့မင်္ဂလာပွဲမတိုင်ခင် နာရီပိုင်းအလိုမှာ အင်ပြင်တွေ ထလာတာ မြင်ဖူးတယ်။ မိတ်ကပ်ပညာရှင်က သူ့အသားအရေနဲ့ မတည့်တဲ့ ဖောင်ဒေးရှင်း မိတ်ကပ်လိမ်းလိုက်မိလို့ ဖြစ်သွားတယ်လို့ ဆိုပါတယ်။ ဒါနဲ့ မျက်နှာသစ်ပြီး လိမ်းဆေးတစ်ခုကို အမြန်လိမ်းလိုက်နိုင်လို့ အချိန်မီသက်သာသွားတယ်။ မင်္ဂလာပွဲကိုတော့ နည်းနည်းအချိန်ဆုတ်လိုက်ရတာ ပေါ့”လို့ လင်ဆေးဝစ်ဇန်က ဆိုပါတယ်။

နောက်ပိုင်းမှာ မိတ်ကပ်အလှကုန်အမျိုးမျိုး ထိတွေ့သုံးစွဲနေရတဲ့ မော်ဒယ်လင်ဆေးဝစ်ဇန်က မိတ်ကပ်ဓာတ်မတည့်ရင် ဖြစ်တတ်တဲ့ လက္ခဏာတွေ၊ သက်သာအောင် ဘယ်လိုကုသသင့်သလဲဆိုတာတွေကို အရေပြားဆရာဝန်တစ်ဦးနဲ့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဓာတ်မတည့်မှုဖြစ်ရင် အရင်ဆုံး မျက်နှာ အသားအရေ ယားယံတာ၊ တင်းကျပ်တာနဲ့ ပူစပ်ပူလောင်ဖြစ်တာတွေ ဖြစ်တတ်သလို နီမြန်းတာ၊ ရောင်ရမ်းတာ၊ အရည်ကြည်ဖုပေါက်တာ၊ အသား ဖတ်လန်တာစတာတွေ ဆက်ဖြစ်တတ်ကြောင်း လင်ဆေး သိထားခဲ့ပါတယ်။

“ဖြစ်ချင်တော့ ဖက်ရှင်ရှိုးနောက်ဆုံး ရက်မတိုင်ခင်တစ်ရက်မှာ ကျွန်မ မိတ်ကပ်အသစ်တစ်မျိုးနဲ့ မတည့်ရာက အရေပြား ပူစပ်ပူလောင်ဖြစ်ပြီး ယားယံရောင်ရမ်းလာခဲ့ပါတယ်။ မိတ်ကပ်တွေကို ချက်ချင်းဖျက်ပစ်ပြီး ဓာတ်မတည့်တဲ့ ဝေဒနာလက္ခဏာတွေ ချက်ချင်းသက်သာသွားစေဖို့ ရေခဲဝတ်ကပ်ပေးခဲ့ပါတယ်။ အဲဒီနောက် ဓာတ်မတည့်မှု ပျောက်ဆေး (Anti-histamine ဆေး)တစ်လက်သောက်ပြီး ရှားစောင်းလက်ပပ်ခရင်မ် လိမ်းခဲ့ပါ တယ်။ နောက်တစ်နေ့မှာ မျက်နှာရောင်ရမ်းတာ မကျသေးတဲ့အတွက် ဖက်ရှင်ရှိုးမလျှောက်နိုင်ခဲ့ပါဘူး”ဟု လင်ဆေးက သူ့အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

မိတ်ကပ်အလှကုန်နဲ့ ဓာတ်မတည့်တဲ့ ဝေဒနာက ရက်အနည်းငယ်ထက် ပိုခံစားနေရရင် ဒါမှမဟုတ် သိပ်ပြင်းထန်တယ်လို့ထင်ရင် အရေပြား ဆရာဝန်နဲ့ ပြဖို့လိုတယ်၊ အမွှေးနံ့သင်းလွန်းတဲ့ မိတ်ကပ်တွေက ဓာတ်မတည့်မှု ပိုဖြစ်လွယ်တယ်လို့ လင်ဆေးက သတိပေးထားပါတယ်။

(Ref;Allure)

Most Popular

Healthy Life Ad
To Top