Healthy Life Ad
Life Style

အိပ်ရာထဲတွင်သင့်ကို စူပါဟီးရိုးဖြစ်စေမည့် အစာများ

စူး (ဆေးဝါးတက္ကသိုလ်)

လိင်စိတ်ဆန္ဒလျော့နည်းရတဲ့ အကြောင်းရင်းအများစုဟာ စိတ်ဖိစီးမှုများတာ၊ ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်လျော့နည်းတာနဲ့ စိတ်ဓာတ်ကျတာတို့ကြောင့် ဖြစ် တတ်ပါတယ်။ လိင်စိတ်ဆန္ဒလျော့ကျနေရင် ဆေးမသောက်ခင် အောက်ပါ အစာတွေ ကိုအရင် စားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၁) ချောကလက်
ချောကလက်စားတာ၊ ကိုကိုးဖျော်ရည် သောက်တာကြောင့် လိင်ဆန္ဒမြင့်တက် စေတယ်ဆိုတာ လျှို့ဝှက်ချက်မဟုတ်ပါ ဘူး။ ချောကလက်မှာ အင်တီအောက်ဆီး ဒင့်ပါဝင်တဲ့အတွက် မကောင်းတဲ့ ဖရီးရယ် ဒီကယ်တွေကို တွန်းလှန်ပေးနိုင်သလိုရုပ် နဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုဒဏ် မခံရစေဖို့ ကာကွယ်ပေးပါတယ်။ စိတ်ခံစားမှု တက် ကြွတဲ့အတွက် ချစ်ရေးချစ်ရာမှာ သင့်စိတ် ရောခန္ဓာပါ နိုးကြားနေစေတာပါ။

(၂) ထောပတ်သီး
ထောပတ်သီးမှာ ပါဝင်တဲ့ ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ အဆီတွေက လိင်ဆန္ဒ ကို မြင့်တက်စေပြီး စွမ်းဆောင်ရည်တိုး စေပါတယ်။ ကောင်းတဲ့ အဆီတွေ ပါဝင် တဲ့အတွက် ကယ်လိုရီရရှိစေပြီး ပေါင်နဲ့ ခြေထောက်တွေအပါအဝင် တစ်ကိုယ် လုံးအနှံ့ သွေးလှည့်ပတ်မှု အားကောင်း စေပါတယ်။

(၃) ကမာကောင်
ကမာကောင်ကို ချစ်စိတ်တိုးစေတဲ့ အစာလို့ လူသိများကြပါတယ်။ ကမာကောင် က မှတ်ဉာဏ်၊ သင်ယူလေ့လာနိုင်စွမ်း၊ စိတ်ခံစားမှုနဲ့ လိင်စိတ်ဆန္ဒတွေအပေါ် သက်ရောက်မှုရှိတဲ့ ဒိုပါမင်းဟော်မုန်းကို အထွက်တိုးစေပါတယ်။ ဒါ့အပြင် ဇင့် (သွပ်)ဓာတ်လည်း ပါဝင်တာကြောင့် ကျား ဟော်မုန်း တက်စတိုစတီရုန်းကို အထွက် တိုးစေပြီး လိင်ဆန္ဒအားကောင်းစေတာ ဖြစ်ပါတယ်။

(၄) ရွှေဖရုံစေ့
ဇင့်(သွပ်)ဓာတ်ပါတဲ့ တခြားအစာက တော့ ရွှေဖရုံစေ့ပါ။ ပရိုတင်း၊ သံဓာတ်၊ ပိုတက်စီယမ်နဲ့ ဖော့စ်ဖရပ်စ်တွေများများ ပါဝင်တဲ့အတွက် လိင်ပိုင်းဆိုင်ရာ ကျန်း မာရေးကို အားကောင်းစေပါတယ်။

(၅) ဖရဲသီး
ဖရဲသီးမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်ပါ တာကြောင့် သွေးလှည့်ပတ်စီးဆင်းမှုကို အားကောင်းစေပြီး ချစ်တင်းနှောရာမှာ စွမ်းအားရှိစေပါတယ်။ ပူအိုက်တဲ့ အချိန် မှာ ဖရဲသီးမှာပါတဲ့ အမိုင်နိုအက်စစ်L-Citrulineဟာ လိင်အင်္ဂါတစ်ဝိုက်က သွေးကြောတွေကို ကျယ်ပြန့်သွားစေပါ တယ်။ ဒါကြောင့် လန်းဆန်းတက်ကြွတဲ့ အစွမ်းရှိစေတာပါ။

(၆) ကညွတ်
ကညွတ်မှာပါတဲ့ ဖောလိတ်ဓာတ်ဟာ ဟစ္စတမင်း အထွက်နှုန်းတိုးစေတဲ့အ တွက် သွေးကြောနံရံတွေကို အပန်းပြေ စေပါတယ်။ လိင်စွမ်းဆောင်မှုမှာ အခက် အခဲရှိတဲ့ အမျိုးသားတွေဟာ ကညွတ်ကို များများ စားသင့်ပါတယ်။

(၇) ငရုတ်သီး
ငရုတ်သီးဟာ ခန္ဓာကိုယ်ကို ပူသွားစေ သလို လိင်မှုဘဝကိုလည်း နိုးကြားသွား စေပါတယ်။ ငရုတ်သီးမှာပါတဲ့ ကပ်ဆိုက် စင်ဓာတ်ဟာ အန်ဒေါ်ဖင်ဓာတ်ကိုတိုးစေ ပြီး နှလုံးခုန်နှုန်း မြန်စေတဲ့အတွက် ချစ် ရေးချစ်ရာအတွက် သင့်ခန္ဓာကိုယ်ကို အ ဆင်သင့် ဖြစ်စေပါတယ်။

(၈) ကြက်သွန်ဖြူ
ကြက်သွန်ဖြူစားတာကလည်း အိပ် ရာထဲမှာ သင့်ကို စွမ်းဆောင်အားကောင်း စေတဲ့ အချက်ပါပဲ။ ကြက်သွန်ဖြူမှာ ပါ ဝင်တဲ့ အယ်လီစင်ဒြပ်ပေါင်းဟာ လိင် အင်္ဂါတွေဆီ သွေးစီးဆင်းရောက်ရှိမှု တိုး စေပြီး လိင်ဆန္ဒမြင့်တက်စေလို့ပါ။ ကြက် သွန်ဖြူကို အစိမ်းစားတာပဲဖြစ်ဖြစ်၊ ဟင်း လျာထဲ ထည့်စားတာပဲဖြစ်ဖြစ် လိင်ပိုင်း ဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါ တယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top