Healthy Life Ad
Q & A

အအေးမိဝေဒနာရလွယ်နေ

မေး။ ကျွန်တော် မကြာခဏ အအေးမိဝေဒနာရလွယ်နေပါတယ်။ အခုလည်း အအေးမိ ဝေဒနာရနေတာကြောင့် အမြန်ဆုံးသက်သာအောင် ဘာတွေကို စားသောက်သင့်ပါသလဲ သိချင်လို့ပါ။
ကိုဝင်း၊ ကျောက်ပန်းတောင်း။

ဖြေ။ ကိုဝင်းရဲ့ အအေးမိဝေဒနာ အမြန်ဆုံးသက်သာစေဖို့ ကြက်စွပ်ပြုတ်ကို အခုချက်ချင်း သောက်လိုက်ပါ။ ကြက်စွပ်ပြုတ်မှာ အာဟာရဓာတ် အပြည့်အဝပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်ပါတယ်။

ဒါ့အပြင် လိမ္မော်ရည်သောက်ပါ။ ဗီတာမင်စီပါဝင်တာကြောင့် အအေးမိဝေဒနာခံစားရချိန်ကို တိုတောင်း စေပါတယ်။ ငှက်ပျောသီး၊ ငါး၊ ကြက်သားစတာတွေ စားပေးရင် ရောဂါပိုးတွန်းလှန်နိုင်တဲ့ သွေးဖြူဥတွေကို အားပေးတဲ့အတွက် ကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေပါတယ်။

ပန်းသီးနဲ့ ခရမ်းချဉ်သီးတွေမှာ ရောင်ရမ်းမှုကျစေတဲ့ ဖလေဗိုးနွိုက်ဓာတ် ပါဝင်တာကြောင့် ကိုယ်ခံ စွမ်းအားစနစ်ကို အားကောင်းစေပါတယ်။

Most Popular

Healthy Life Ad
To Top