Healthy Life Ad
Life Style

ကွန်ပျူတာသုံးရာတွင် ကိုယ်ဟန်အနေအထား ပိုမို ကောင်းမွန်စေမည့် အဆင့်ခုနှစ်ဆင့်

(၁)ဦးခေါင်းကို တည့်တည့်မတ်မတ်ထားပါ
ထိုင်ခုံနောက်မှီမှာ ကျောပြင်ထိကာ ဦးခေါင်းကို မတ်မတ်ထားပြီး ခန္ဓာကိုယ်ကို တည့်မတ်တဲ့အနေအထားနဲ့ ထိုင်ပါ။

(၂)လျှောမထိုင်ပါနှင့်
ကိုယ်ဟန်အနေအထား တည့်မတ်အောင်ထားနေချိန်မှာ အကျင့်မဖြစ်သေးတာကြောင့် ကြွက်သားတွေ တောင့်တင်းတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ တောင့်တင်းနာကျင်တဲ့ ကြွက်သားတွေကို နှိပ်နယ်ပေးပါ၊ အကြောဆန့်ထုတ်ပေးပါ။

(၃)ကိုယ်လက်လှုပ်ရှားပြီး အကြောဆန့်ပါ
ပေါင်တွေက ကြမ်းပြင်နဲ့ အပြိုင်ဖြစ်နေသင့်ပြီး ပေါင်တံတွေရဲ့အလေးချိန်က ကုလားထိုင်ပေါ် ကျရောက်နေ ဖို့လိုပါတယ်။ ပေါင်နဲ့ခြေသလုံးတွေကို မကြာခဏ လှုပ်ရှားပေးပါ။

(၄)မတ်မတ်ထိုင်ပြီး ခြေချောင်းများကို လှုပ်ရှားပေးပါ
ခြေချောင်းတွေကို မာတဲ့မျက်နှာပြင်ပေါ်မှာ ချထားပြီး သွေးလှည့်ပတ်စီးဆင်းမှုကောင်းအောင် မကြာခဏ လှုပ်ရှားမှုလုပ်ပေးပါ။

(၅)ပခုံးအကြော ဆွဲဆန့်ပါ
ပခုံးကြွက်သားတွေကို ပုံမှန် ဆွဲဆန့်ပေးတာကြောင့် တောင့်တင်းနေတဲ့ ပခုံးသားတွေ ပျော့ပျောင်း သွားစေပါတယ်။ သင့်ခန္ဓာကိုယ်ကိုအညီအမျှ ထောက်ပံ့ပေးပြီး ခါးကို သက်ရောက်မှု ကောင်းစေမယ့် ကုလားထိုင်ကို ရွေးချယ်ပြီးထိုင်ပါ။

(၆)မော်နီတာကို တည့်တည့်ကြည့်ပါ
သင့်ခန္ဓာကိုယ်ရဲ့ ရှေ့တည့်တည့်မှာ မော်နီတာရှိတာကြောင့် လည်ပင်းဒဏ် သက်ရောက်မှုကို ရှောင်လွှဲနိုင်ပါတယ်။ တင်ပါးနဲ့ ကျောရိုးကို ကောင်းကောင်း ဟန်ချက်ညီမျှစေတဲ့ ကုလားထိုင်နဲ့ထိုင်ပါ။

(၇)လက်ကောက်ဝတ်များကို တံတောင်ဆစ်နှင့် တစ်တန်းတည်းရှိနေပါစေ
လက်ကောက်ဝတ်တွေက ကီးဘုတ်မျက်နှာပြင်ပေါ် အပြားလိုက်ကျနေဖို့လိုပြီး သင်စာရိုက်လိုက်တိုင်း လက်ကောက်ဝတ်က ကီးဘုတ်အထက်မှာ ရှိနေဖို့လိုပါတယ်။

စူး(ဆေးဝါးတက္ကသိုလ်)

Most Popular

Healthy Life Ad
To Top