Healthy Life Ad
Life Style

အချိန်မတန်ဘဲ ဦးနှောက်အိုမင်းမှုမဖြစ်စေရေး နည်းလမ်းများ

စူး (ဆေးဝါးတက္ကသိုလ်)

သင့်ဦးနှောက်ဟာ အချိန်မတန်ခင်အိုမင်းမှုမဖြစ်ဘဲ အသက်ကြီးတဲ့အထိ ထက်မြက်နေစေဖို့ အသုံးပြုနေသင့်ပါတယ်။
(၁) အမြဲလေ့လာပြီး ဦးနှောက် တက်ကြွထက်မြက်နေအောင် ထိန်းသိမ်းပါ။
(၂) တစ်ကြိမ်မှာ ၄၅ မိနစ်ခန့် ခပ်သွက်သွက် လမ်းလျှောက်ပေးပါ။ ဒီနည်းကို တစ်ပတ်မှာ သုံးကြိမ်ပြုလုပ်ပေးဖို့ လိုပါတယ်။
(၃) တစ်ညမှာ အချိန်ရှစ်နာရီခန့် အိပ်စက်အနားယူတာကြောင့် မှတ်ဉာဏ်ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၄) အာဟာရမျှမျှတတပါဝင်တဲ့ အစာကို စားပေးပါ၊ ဆေးလိပ်မသောက်ပါနဲ့၊ သွေးဖိအားနဲ့ သွေးတွင်းကိုလက်စထရော အဆင့်ကို ကျန်းမာရေးနဲ့အညီ ထိန်းချုပ်ပေးပါ။
(၅) စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ချပေးပါ။ စိတ်ဖိစီးမှုနည်းလေလေ ဦးနှောက် ကျန်းမာရေးကောင်းမွန်လေလေ ဖြစ်ပါ တယ်။

Most Popular

Healthy Life Ad
To Top