Healthy Life Ad
Q & A

အအေးမိနှာစေး ပြဿနာ အဖြေရှာ

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

မေး. ကျွန်တော် အအေးဒဏ်မခံနိုင်ဘဲ ခဏခဏ အအေးမိနှာစေး ဖြစ်နေတာ သုံးလလောက်နီးပါး ရှိနေပါပြီ ဆရာ၊ ပိန်လည်း ပိန်တယ်၊ ကိုယ်ခံအား နည်းတယ်လို့လည်း ထင်ပါတယ်။ ညဘက်ဆိုလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ပါဘူး ဆရာ။ ကိုယ်ခံအား ကောင်းအောင် ဘယ်လို ပြုမူနေထိုင်ပြီး ဘယ်လိုဆေးတွေ သုံးစွဲသင့်ပါသလဲ ဆရာ။
မောင်သန်းထွန်းအောင်၊ လမ်းမတော်။

ဖြေ. အအေးမိတာ သက်သာအောင်နဲ့ ကိုယ်ခံအား ကောင်းအောင် ဗီတာမင်စီပါဝင်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားပေးဖို့ လိုပါတယ်။ အထူးသဖြင့် လိမ္မော်သီး၊ မာလကာသီး၊ သံပရာသီး၊ ရှောက်သီး အစရှိတဲ့ အချဉ်အရသာရှိတဲ့ အသီးအနှံတွေကို စားပေးရပါမယ်။ ကိုယ်ခံအား ကောင်းအောင် လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းကိုလည်း လုပ်ပေးသင့်ပါတယ်။ ကိုယ်ခံစွမ်းအားက မြင့်တက်နေရင် အအေးမိနိုင်ခြေ နည်းပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှု ပုံစံကို လိုက်နာသင့်ပါတယ်။ ရေကို များများ သောက်ပါ၊ အဓိကက သစ်သီးဝလံတွေ များများ စားပါ။ ကိုယ်လက် လှုပ်ရှားမှုကို လုပ်ဆောင်ပေးပါ။ နွေးနွေးထွေးထွေး နေပါ။
ချောင်းဆိုး၊ နှာချေတဲ့သူနဲ့
နီးနီးကပ်ကပ် မျက်နှာချင်းဆိုင်ပြီး မနေပါနဲ့။ရောဂါဖြစ်လာရင် ဆေးမြီးတိုတွေ မသောက်ပါနဲ့။
အိပ်မပျော်တာက စိတ်ဖိစီးမှု များတာကြောင့် ဖြစ်နိုင်ပါတယ်။ အိပ်မပျော်တာ ကြာနေရင်တော့ Alprazolam 0.25mg ကို ခဏတာ သုံးစွဲလို့ ရပါတယ်။
အားဆေးအနေနဲ့ ဗီတာမင်အစုံအလင် ပါဝင်တဲ့ Multivitamin အားဆေးကို တစ်နေ့တစ်လုံး မှီဝဲသင့်ပါတယ်။
အအေးမိ၊ နှာစေးတာက ဓာတ်မတည့်တာကြောင့် ဖြစ်တတ်တဲ့အတွက် Citrizine ကို တစ်နေ့တစ်လုံး တစ်ပတ်လောက် သောက်ကြည့်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top